Thursday, May 29, 2014

ဂျာမနီအသင်းရဲ့ ဒဏ်ရာပြဿနာ စိုးရိမ်စရာ မရှိဘူးလို့ ဂျိုအာချင်လို ပြော






ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် သူ့အသင်းမှာ ဒဏ်ရာရ ကစားသမား များနေတာကို စိုးရိမ်စရာ မလိုဘူးလို့ တနင်္လာနေ့က အီတလီနိုင်ငံ၊ စိန့်လီယိုနတ်မြို့မှာ ပြောပါတယ်။ ဂျာမနီအသင်းမှာ အသင်းခေါင်းဆောင် ဖီးလစ်လမ်းနဲ့အတူ ဂိုးသမား နော်ယာတို့ ဒဏ်ရာရနေပါတယ်။ ဒါ့အပြင် ရှဝိန်းစတိုင်ဂါနဲ့ ရှမယ်ဇာတို့လည်း ကြံ့ခိုင်မှု မပြည့်သေးလို့ အသင်းနဲ့အတူ ရာနှုန်းပြည့် ပါဝင် မလေ့ကျင့် နိုင်သေးပါဘူး။ ဒါပေမဲ့ ဂျိုအာချင်လိုက ’’ဒဏ်ရာစာရင်းကို မြင်လိုက်တာနဲ့ ဒီမှာကျွန်တော်တို့ ဆေးရုံတက်နေတာလားလို့ ထင်စရာ ရှိပါတယ်။ ဒါကပြဿနာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ လုပ်အားနှုန်းက အရမ်းကောင်းပါတယ်။ လက်ရှိအခြေအနေကို ကျွန်တော့်ဘက်က ကျေနပ်ပြီးသားပါ’’လို့ ပြောပါတယ်။ ဂျာမနီ အသင်းခေါင်းဆောင် ဖီးလစ်လမ်းဟာ ရက်ပိုင်းအတွင်း လေ့ကျင့်ခန်း ဆင်းနိုင်မယ်လို့ မျှော်လင့်ရပြီး ပုခုံးဒဏ်ရာ ရထားတဲ့ ဂိုးသမား နော်ယာလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်မယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top