Thursday, May 29, 2014



ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ဖို့ ကျမ်းကျိန်လိုက်ပြီဖြစ်တဲ့ " နရန်ဒါမော်ဒီ "

ဘရာတီယာဂျနာတာ ပါတီဝင်ဖြစ်တဲ့"နရန်ဒါမော်ဒီ"ဟာအိန်္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့အထွေ ထွေရွေးကောက် ပွဲမှာ အနိုင်ရရှိပြီး ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ဖို့ကျမ်းကျိန်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။


အိန်္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲပြီးတဲ့နောက်မှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ " နရန်ဒါမော်ဒီ " က ဘရာတီယာဂျနာတာပါတီကို ကိုယ်စားပြုပြီး ၀န်ကြီးချုပ်ရာထူးအတွက် တာဝန်ထမ်းဆောင်ဖို့ တနင်္လာနေ့မှာကျမ်းသစ္စာကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။ " မော်ဒီ ' ဟာ ကျမ်းသစ္စာကျိန်ဆိုမှုကို မြို့တော်နယူးဒေလီမှာရှိတဲ့ သမ္မတနန်းတော်ရှိ ၀န်ကြီး(၂၃)ယောက်ပါဝင်တဲ့ ၀န်ကြီးများအဖွဲ့ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးချုပ်အသစ်ဟာ နိုင်ငံရဲ့ အချုပ်အခြာကို ထိန်းသိမ်းမှာဖြစ်ပြီး သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားဟာ ဖိတ်ကြားထားတဲ့ ဧည့်သည် (လေးထောင်)အပြင် တက်ရောက် ချီးမြှင့်ပေးသူအများဆုံး အခမ်းအနားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပါကစ္စတန်ဝန်ကြီးချုပ် " န၀ပ်ရှ်ရစ် " လည်း တက်ရောက်ခဲ့ပါတယ်။  " မော်ဒီ " ဟာ နိုင်ငံတကာမှာ အိန်္ဒိယနိုင်ငံရဲ့ ရပ်တည်မှုနဲ့ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ စီးပွားရေး တိုးတက်မှု ကျဆင်းခြင်း ကို ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်နိုင်မလား ဆိုတာကို နိုင်ငံသားတွေ က စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top