Thursday, May 29, 2014


ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ပေးအပ်ပွဲနှင့် လူငယ်ဆွေးနွေးပွဲ


မေလ (၂၇) ရက် နံနက် (၈)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး ခန်းမတွင် ပြုလုပ်သော ဟင်္သာတမြို့ နယ်၊ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးလူငယ်များ တာဝန်ပေးအပ်ပွဲနှင့် လူငယ် ဆွေးနွေးပွဲ အခမ်းအနား ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိမ်းစိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူး ဦးညွန့်ဦး နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးလူငယ် ကိုယ်စားလှယ် (၂၄၈)ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနားကို (၂)ပိုင်းခွဲ၍ ကျင်းပရာ ပထမပိုင်းအစီအစဉ်အရ လူငယ် သီချုင်း သံပြိုင်သီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး သဘာပတိအဖြစ် မြို့နယ် အတွင်းရေးမှူးက ဆောင်ရွက်၍ အမှာစကား ပြောကြားကာ ပါတီ လူငယ် အလံကို ရပ်/ကျေးလူငယ်ရေးရာ တာဝန်ခံ ဦးမြင့်နိုင်ဦးသို့ ပေးအပ်သည်။ 
လူငယ်များက ကတိသစ္စာသီဆိုကာ လူငယ်သီချုင်းကို သံပြိုင်သီဆို၍ ပထမ ပိုင်း အခမ်းအနားကို ရုပ်သိမ်းသည်။
ထိုနောက် အစီအစဉ်ဒုတိယပိုင်းပြုလုပ်ရာ သဘာပတိမှ အမှာစကားပြော ကြား၍ မြို့နယ်ပါတီ ကော်မတီဝင် ဦးခင်ဦးက လူငယ်ဆွေးနွေးပွဲ အစီအစဉ် များ ရှင်းလင်းပြီး နယ်မြေတိုက်နယ်အလိုက် မြို့နယ်ရပ်/ကျေးပါတီ ကော်မတီ ၀င်များ၊ ရပ်/ကျေးလူငယ်များ အဖွဲ့လိုက်စာရင်းကို ကြေငြာကာ ဆွေးနွေးပွဲ များပြုလုပ်သည်။
ထို့နောက် “လူငယ်နှင့်ပြည်ခိုင်ဖြိုး” “လူငယ်နှင့်အနာဂတ်” “လူငယ်နှင့် ၂၀၁၅အောင်နိုင်ရေး” ခေါင်းစဉ်များ အား အစုအဖွဲ့များကိုယ်စား ယုံသလင်း တိုက်နယ်မှ မောင်ဇော်လင်းအောင်၊ ကျုံတုံးတိုက်နယ်မှ မမေမျိုးသက်နှင့် ဓမ္ဘီတိုက်နယ်မှ ကိုတင်ဆန်းတို့က စာတမ်များ ဖတ်ကြားကာ သဘာပတိက နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို နေ့လည် (၁၁း၀၀)နာရီတွင် ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment

back to top