Friday, May 30, 2014

တရုတ်လေယာဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်လိုက်သည့် ဂျပန်ဝန်ကြီးချုပ်

ဂျပန်ဝန်ကြီးချုပ် " ရှင်ဇိုအာဘေး " ဟာ ဂျပန်ကာကွယ်ရေး လေတပ်လေယာဉ်နားမှာ အနီးကပ်ပြီး ပျံသန်းခဲ့တဲ့ တရုတ်စစ်တပ်လေယာဉ်ရဲ့လုပ်ရပ်ကို ဝေဖန်ပြောကြားလိုက်တယ်လို့ သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် " ရှင်ဇိုအာဘေး " ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက တရုတ်-ဂျပန်နှစ်နိုင် ငံ လေကြောင်း ကာကွယ်ရေး ပိုင်နက်ဇုန်အတွင်းမှာ ဂျပန်လေတပ် ကာကွယ်ရေးလေယာဉ်တွေ ကင်းလှည့်ပျံသန်းနေတုန်း တရုတ်စစ်တပ် သုံးဖိုက်တာ ဂျက်လေယာဉ်က ဂျပန်လေယာဉ်နဲ့ မီတာ(၃၀)နဲ့ မီတာ(၅၀)အကွာအဝေး ကပ်ပျံသန်းခဲ့မှုကို ဝေဖန်ပြောကြားထားပါတယ်။
 
" အာဘေး " က ဗုဒ္ဓဟူးနေ့တုန်းက ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီမှာ တရုတ်နိုင်ငံ ရဲ့ အခုလိုလုပ်ရပ်ဟာ အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံရဲ့ အခုလို လုပ်ဆောင်မှုကို သည်းခံမှာမဟုတ်ဘဲ တရုတ်နိုင်ငံ လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းခိုင်းပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ ပြုမူဖို့ကို တောင်းဆိုသွားမယ်လို့ သဘောတူ ညီခဲ့ကြပါတယ်။
 
ဘတ်ဂျက်ကော်မတီအစည်းအဝေးပွဲကို တက်ရောက်လာသူတွေကလည်း ဂျပန်နိုင်ငံရဲ့ နယ်မြေပိုင်နက်ကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို တိုးမြှင့်စောင့်ကြည်ဖို့ အစိုးရကို တိုက်တွန်းခဲ့ကြ ပါတယ်။ တရုတ်-ဂျပန်ချစ်ကြည်ရေးအဖွဲ့အစည်း ဥက္ကဌဖြစ်သူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း " တန်ရှိယွမ် " ကတော့ တရုတ်နဲ့ ရုရှားဟာ အဲဒီနေ့၊ အဲ့ဒီနေရာမှာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်မှာ အသိပေးထားခဲ့ပြီးဖြစ်တာကို ယခုလိုတုံ့ပြန်တဲ့ ဂျပန်ဝန်ကြီးချုပ်ကို ဝေဖန် လိုကြောင်း ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

 

No comments:

Post a Comment

back to top