Thursday, May 29, 2014



ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ် တွင် ဗီယက်နမ် ပူးပေါင်း ပါဝင် ဆောင်ရွက်

ဗီယက်နမ်နိုင်ငံသည် မေ ၂၇ ရက်က ဟနွိုင်းမြို့၌ ဗီယက်နမ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးစင်တာ (VPC) ဖွင့်လှစ်ခဲ့ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် တရားဝင်ပူးပေါင်း ပါဝင်ဆောင်ရွက် မှု ပြုလုပ် မည် ဖြစ်ကြောင်းထုတ်ပြန် ပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါ (VPC) ဖွင့်ပွဲအခမ်း အနားတွင် ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ် Vu Duc Dam က VPC အနေဖြင့် ငြိမ်းချမ်း မှုနှင့် နိုင်ငံတကာဝန်းကျင် တည်ဆောက်ရာတွင် ပါဝင်ဆောင် ရွက်ခြင်းနှင့် နိုင်ငံများအကြား မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆောင်ရွက်ခြင်းတို့ဖြင့် ဗီယက်နမ်နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တာဝန် ထမ်းဆောင်ရန် အတွက် တောင်ဆူဒန် နိုင်ငံသို့ ကြည်းတပ်မှ ဒုတိယဗိုလ်မှူးကြီး Mac Duc Trong နှင့် Tran Nam Ngan တို့နှစ်ဦးအား စေလွှတ်သွားမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဇွန်လတွင် စေလွှတ် သွားနိုင်လိမ့် မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ ကုလသမဂ္ဂ ထောက်ပံ့ရေး ဌာနဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ameerah Haq ကလည်း VPC ဖွင့်လှစ် ထူထောင်မှုနှင့် တောင်ဆူဒန်နိုင်ငံ၌ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တာဝန်ထမ်းဆောင်ရန် ဗီယက်နမ် အရာရှိနှစ်ဦး စေလွှတ်မှုတို့သည် ဗီယက်နမ်နှင့် နိုင်ငံတကာ အသိုက်အဝန်းအကြား ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ် တစ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂ လုပ်ငန်းစဉ်တွင် ဗီယက်နမ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု ကဏ္ဍသစ် တစ်ရပ်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ 

No comments:

Post a Comment

back to top