Thursday, May 29, 2014



ကမ္ဘာ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရန်ပုံငွေ အတွက် အမေရိကန် က ဒေါ်လာ ၅ ဘီလီယံ မတည်မည်

ကမ္ဘာပေါ်ရှိ အစွန်းရောက် အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက် နေရသော နိုင်ငံများအတွက် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး ရန်ပုံငွေ ထူထောင်ရန် အမေရိကန် နိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဘီလီယံ(ယူရို ၃ ဘီလီယံ) မတည် ပေးသွား မည်ဖြစ်ကြောင်းသမ္မတ အိုဘားမားက ထုတ်ပြန်ကြေညာ ခဲ့သည်။
အဆိုပါ ရန်ပုံငွေသည် အရှေ့အလယ်ပိုင်း ဒေသ၊ အာဖရိကနှင့် အရှေ့အာရှ နိုင်ငံများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်အား အမေရိကန်၏ နိုင်ငံခြား ရေးရာ မူဝါဒကို ဖွင့်လှစ် ပြသသည့် အနေဖြင့် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရန်ပုံငွေ သုံးစွဲခွင့်အတွက် အိုဘားမားအနေဖြင့် လွှတ်တော်သို့ တင်ပြထားကြောင်း၊ အဆိုပါ ရန်ပုံငွေဖြင့် ယီမင်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးခြင်း၊ ဆိုမာ လီယာတွင် တာဝန် ထမ်းဆောင်နေ သည့် နိုင်ငံတကာမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ အား ထောက်ပံ့ပေးခြင်း၊ ဥရောပ အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလျက်ရှိသော လစ်ဗျားမှ လုံခြုံရေး တပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုများ ပေးခြင်းနှင့် မာလီတွင် စစ်ဆင်ရေး ဆင်နွှဲနေသော ပြင်သစ် တပ်ဖွဲ့ဝင် များအား ကူညီ ထောက်ပံ့မှုများပေး အပ်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံသည် အာဖဂန်နစ္စတန်တွင် ဆောင်ရွက်နေသော စစ်ဆင်ရေး ပြီးဆုံးပါက စစ်အသုံးစရိတ်များ ပိုလျှံ လာမည်ဖြစ်ပြီး အဆိုပါ ပိုလျှံလာသော စစ်အသုံးစရိတ်များအား အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် သုံးစွဲသွားရန် ရည်မှန်း ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top