ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး
အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ
ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား
ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ
အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊
Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက်
ပြီး နန်းသူဇာက “ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့
အင်္ဂလန်ကို အားပေး မယ်။
ဘရာဇီးကို သွားချင်တာက တော့ ရုပ်ရှင်တွေ ထဲမှာ
ကြည့်ပြီး သွားချင် တာတော်တော် ကြာပြီ။ ဟိုမှာ ဒီက Tour နဲ့သွားမယ်။ ရိုက်
ကူးသမျှ မြို့တိုင်းပေါ့။ အဲဒီက Carnival ပွဲတော်ကို လည်း အရမ်း
သွားချင်တယ်။ အခုသွားမယ့် အချိန် နဲ့ တိုက်မယ် လို့တော့ ပြော တယ်။
အဲဒီကိုလည်း သွားဖြစ်မှာပါ” လို့ နန်း သူဇာက ပြောပါတယ်။
နန်းသူဇာ
တို့အနေဖြင့် Let’s Go ပရိုဂရမ်တွင် ပါဝင်ရိုက်ကူး တင် ဆက်ခဲ့ သည် မှာ ၅လ
ကျော်ပြီ ဖြစ်ပြီး မြန်မာပြည်တွင်း ရှိ ငပလီ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားဘက်
များတွင် လည်း ပြည်တွင်း အလှအပ များကို ရိုက်ကူး တင်ဆက်ပြ သ ပေးခဲ့ပြီး
ဖြစ်ပြီး အဆိုပါ အစီအစဉ် များကို မြဝတီ ရုပ်သံမှ ထုတ်လွှင့်လျက် ရှိကြောင်း
သိရပါတယ်။ နန်းသူဇာ က ဇွန် ၃ ရက်မှာ ပြုလုပ်မယ့် Hip Hop Beach Party
မှာလည်း ပါဝင်တက် ဆက်ဖို့ ရှိနေပြီး နန်းမြတ်ဖြိုးသင်း နဲ့ အတူ
ထွက်ရှိထားတဲ့ Friend တေး စီးရီးရဲ့ MTV ကိုလည်း ရိုက်ကူးလျက် ရှိတယ်လို့
သိရ ပါတယ်။
“ဟိုကိုသွားမယ့်ရက်က အစက တည်းက ကြိုသိထားတော့ အဲဒီရက်
မှာ အလုပ်တွေတော့ ရှောင်ထား တာ ပေါ့။ နန်းသူ ဇာ တို့ MTV ကလည်း အ ခုရိုက်
လက်စ ပါ။ ဘရာဇီး က ပြန်လာ ပြီး ၈လပိုင်း လောက် မှာ တော့ MTV ထွက်
နိုင်ဖို့အတွက် ကြိုးစားနေပါ တယ်” လို့လည်း နန်း သူဇာက ပြောပြ ခဲ့ပါတယ်။
No comments:
Post a Comment