Wednesday, May 28, 2014

လွှတ်တော်ကိုယ်စားလှယ်များ အထက(ခွဲ) ကျောင်းအား အထကကျောင်း အဖြစ် အဆင့်တိုးမြှင့်ပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူမြို့နယ် တမုတ်ဆိုး အထက (ခွဲ)ကျောင်းအား အထက ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပွဲ အခမ်းအနား ကို မေလ (၂၆) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဇော်၊ အဖွဲ့ဝင် ဒေါ်စောမြိုင်၊ ဦးစိုးဦးနှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော် မတီဝင် တမုတ်ဆိုးကျေးရွာ တာဝန်ခံ ဦးဇော်အောင်ထက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှိုင်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ စုံညီစွာ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


No comments:

Post a Comment

back to top