Thursday, May 29, 2014



နှစ်ပေါင်း ၇ဝဝဝ သက်တမ်းရှိ မံမီရုပ်တစ်ခု ချီလီ ကျောင်းသားများ ရှာဖွေတွေ့ရှိ

ချီလီနိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်း ၇ဝဝဝ သက်တမ်းရှိ မံမီရုပ် တစ်ခုကို ကျောင်းသားအုပ်စု တစ်စုက ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက မေ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ မံမီရုပ်ကို Morro de Arica တောင်ခြေရှိ E1 Laucho ကမ်းခြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လက်တာဆီရာ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ ကျောင်းသားများသည် Escuela America ကျောင်း၏ ရှေးဟောင်း သုတေသန အဖွဲ့မှ ဖြစ်ပြီး ဧပြီ ၁ ရက်က ၎င်းဒေသတွင် လှုပ်ခတ် သွားခဲ့သော ပြင်းအား ပမာဏ ၈ ဒသမ ၂ ရစ်ခ်ျတာ စကေး ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့ရသည့် မြေပြိုကျမှု တစ်နေရာ၌ တူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် အဆိုပါ မံမီရုပ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
နှစ်ပေါင်း ၇ဝဝဝ သက်တမ်းရှိ အဆိုပါ မံမီရုပ်ကို ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ကျန်ရှိသည့် ရုပ်ကြွင်းကို ရှာဖွေရန် အဆိုပါ တူးဖော်ရေး လုပ်ငန်းခွင်သို့ ချီလီ အစိုးရက အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ကို စေလွှတ်ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

back to top