Friday, May 30, 2014

အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်တပ်အကြီးအကဲဟောင်း အယ်လ်စီစီ အပြတ်အသတ်အနိုင်ရ

အီဂျစ်သမ္မတရွေးကောက် ပွဲတွင် စစ်ဘက်ဆိုင်ရာ အကြီး အကဲဟောင်းအယ်လ်စီစီအပြတ် အသတ်အနိုင်ရရှိကြောင်း ယာယီ မဲရေတွက်မှုရလဒ်များက ဖော်ပြ နေသည်။မဲရုံအများစုမှ ရေတွက်ပြီး မဲအရေအတွက်အရ မစ္စတာ အယ်လ်စီစီထောက်ခံမဲ ၉၆ ရာခိုင် နှုန်းကျော် ရရှိထားသည်ဟု အီဂျစ် နိုင်ငံ ပိုင်သတင်းဌာနက ကြေညာ သည်။

ယင်းရွေးကောက်ပွဲကို အဖွဲ့များစွာက သပိတ်မှောက်ထားပြီး လူအများ ပိုမိုမဲပေးနိုင်ရန် တွန်းအားပေးနေသော်လည်း မဲပေးသူ ၄၅ ရာခိုင်နှုန်းခန့်ရှိမည်ဟု မျှော်လင့်ရသည်။ ဧရာမဆန္ဒပြပွဲများ ပြီးနောက် သမ္မတ မိုဟာမက် မော်စီ ကို အယ်လ်စီစီက ပြီးခဲ့သည့် ဇူလိုင်အတွင်း ရာထူးမှ ဖြုတ်ချခဲ့သည်။
လူပေါင်း ၁,၄၀၀ ကျော် သေဆုံးပြီး လူပေါင်း ၁၆,၀၀၀ ဖမ်းဆီးခံခဲ့ရသည့် မော်စီ၏ မွတ်စလင် ဘရားသားဟုဒ်အဖွဲ့အား နှိမ်နင်းမှုကို အယ်လ်စီစီကြီးကြပ်ခဲ့သည်။
လစ်ဘရယ်နှင့် နိုင်ငံရေးသီး သန့် တက်ကြွလှုပ်ရှားရေးအဖွဲ့ များစွာကဲ့သို့ ၎င်းတို့လည်း ယင်း ရွေးကောက် ပွဲကို သပိတ်မှောက် မည်ဟု မွတ်စလင်ဘရားသား ဟုဒ်အဖွဲ့က ပြောထားသည်။
သမ္မတရွေးကောက်ပွဲတွင် အယ်လ်စီစီ၏ တစ်ဦးတည်းသောပြိုင်ဘက်ဖြစ်သည့် ဟာဒင်းဆာဘာဟီက မဲပေးမှုအတွင်း ဥပဒေချိုးဖောက်မှုများကို ၎င်း၏ အဖွဲ့ကမှတ်တမ်းတင်ထားသည်ဟု အစောပိုင်း က ပြောကြားခဲ့သည်။
သို့သော် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ၎င်းကိုထောက်ခံသူ များ၏ တောင်းဆိုမှုကို ဆာဘာဟီက ပယ်ချလိုက်ပြီး ရွေးကောက်ပွဲမှ နုတ်ထွက်ခြင်းမှာ အီဂျစ်နိုင်ငံသားများအတွက် အကျိုးမရှိဟု ပြောသည်။
ဆာဟာဟီမှာ ရေတွက်ထားပြီး မဲပေါင်း ၂၄ ဒသမ ၇ သန်းအနက် ထောက်ခံမဲပေါင်း ၇၆၀,၀၀၀ ခန့်သာ ရရှိထားသည်။
ရွေးကောက်ပွဲရလဒ် ထွက် ပေါ်လာပြီးနောက် မေလ ၂၉ ရက် နံနက်က အယ်လ်စီစီ ထောက်ခံသူများ သည် အီဂျစ်နိုင်ငံအလံများ ဝှေ့ယမ်းကာ ကိုင်ရိုမြို့လမ်းမများပေါ်တွင် မီးရှူးမီးပန်းများပစ်ဖောက်ပြီး ကားဟွန်းများတီး၍ အောင်ပွဲခံခဲ့ကြသည်။
လာရောက်မဲပေးသူများ ပိုများလာစေရန် မျှော်လင့်ချက်ဖြင့် စစ်တပ်ကျောထောက်နောက်ခံပြုထားသော အာဏာပိုင်များက ရွေးကောက်ပွဲကို တတိယမြောက် နေ့အထိ ဆက်၍ကျင်းပခဲ့သည်။

 

No comments:

Post a Comment

back to top