Friday, May 30, 2014



ရေဒီယိုအချက်ပြများ ဖမ်းယူရရှိသည့်နေရာတွင် ပျောက်ဆုံး မလေးရှားလေယာဉ် ပျက်ကျခြင်းမဟုတ်ဟုဆို

လေယာဉ်ပျက်ကသည်ဟု သတ်မှတ်ရည်ညွှန်းထားသည့် ပင်လယ်ကြမ်းပြင် ဧရိယာတစ်ဝိုက် တွင် ပျောက်ဆုံးမလေးရှားလေယာဉ်၏ အပျက်အစီးအစိတ်အပိုင်းများ မရှိဟု သြစတြေးလျအစိုးရ အရာရှိ များက ပြောကြားလိုက်ပြီးနောက် ပျောက်ဆု့းမလေးရှားလေယာဉ် ရှာဖွေရေးလုပ်ငန်းသည် ထပ်မံနှောင့်နှေးသွားခဲ့ရသည်။ မတ် ၈ ရက်က ပေကျင်းမြို့တော်သို့ ကွာလာလမ်ပူမြို့တော်မှ ထွက်ခွာ သွားပြီးများမကြာမီတွင် ရေဒါဖမ်းယူမှုမှ ပျောက်ဆုံးသွားခဲ့သည့် MH 370 လေယာဉ်သည် ခရီး သည်နှင့်လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်သွားခဲ့သည်။
အဆက် အသွယ်ပြတ်တောက်သွားခြင်းအပါအ၀င် အထောက်အကူပြုနိုင်သည့် သက်သေ အထောက်အထား မရှိခြင်းကြောင့် ပျောက်ဆုံးမလေးရှားလေယာဉ်သည် မူလပျံသန်းမည့် လမ်းကြောင်းမှ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသည့်ဘက်သို့ တမင်သက်သက် လမ်းကြောင်း လွှဲသွား ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းထောက်လှမ်းသူများက ပြောသည်။
ပြီးခဲ့သည့်လက သြစတြေးလျနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းမှ မိုင်တစ်ထောင်ခန့်အကွာ ပင်လယ်ရေပြင်တွင် လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင်စက်မှ ထုတ်လွှင့်သည့်အချက်ပြမှုများ ဖမ်းယူနိုင် ခဲ့ပြီးနောက် ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို နေရာချုံ့ခဲ့သည်။ သို့ရာတွင် အဆိုပါ နေရာသည် MH 370 လေယာဉ် နောက်ဆုံးပျက်ကျသည့်နေရာ မဖြစ်နိုင်ဟု ယူဆကြောင်း သြစတြေးလျ ပို့ဆောင်ရေး လုပ်ငန်း လုံခြုံရေးဗျူရိုက ထုတ်ပြန်ကြေညာခဲ့သည်။

No comments:

Post a Comment

back to top