Tuesday, August 19, 2014



ငြိမ်းချမ်းရေးဆွေးနွေးနေကြသည့် အစ္စရေး-ပါလက်စတိုင်း လူငယ်များ

အစ္စရေးနဲ့ ပါလက်စတိုင်းက ကျောင်းသားလူငယ်တွေဟာ ဂါဇာဒေသငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တိုကျိုမြို့မှာ ကျင်းပနေပါတယ်။  အသက် ၂၀၀န်းကျင်ရှိ အစ္စရေးနဲ့ ပါလက်စတိုင်းတက္ကသိုလ်ကျောင်းသား ၁၀ ဦးဟာ ဂျပန်-အစ္စရေးပါလက်စတိုင်းကျောင်းသားညီလာခံအတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်နိုင်မယ့်အကြောင်းအရာတွေကို ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။


စနေနေ့တုန်းက ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အစ္စရေးနဲ့ပါလက်စတိုင်းနှစ်ဖက်စလုံးက ကျောင်း သားတွေဟာ ပါဇာဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို ရပ်တန့်စေချင်တဲ့ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ပြခဲ့ကြပါတယ်။ ဂါဇာအနောက်ဘက်ကမ်းမှာ အစ္စရေးတို့က အိမ်ယာ တည်ဆောက် နေ သရွှေ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

ဒါ့ပြင် ပါလက်စတိုင်းတို့တွေ့ကြုံနေရတဲ့ အခြေအနေတွေကို ပိုပြီးနားလည်ပေးကြဖို့ကိုလည်း အဲ့ဒီကျော်ငးသားက တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီပွဲကို ဦးဆောင်စီစဉ်သူ တာခူကင်ပါရာ ကတော့ နှစ်ဦးနှစ်ဖက်နားလည်မှုကသာ အစ္စရေးနဲ့ပါလက်စတိုင်းနှစ်ဖက်စလုံးရဲ့ ဆက်ဆံရေးကို ပြောင်း လဲပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။



No comments:

Post a Comment

back to top