Friday, August 29, 2014

ကိုယ့်အလုပ်ပေါ်မှာ ပျော်ရွင်နေရင်အောင်မြင့်တဲ့လူလို့ ထားထက်ထက် သတ်မှတ်




ကိုယ်လုပ်တဲ့လုပ်ရပ်တွေအပေါ် ပျော်ရွှင်နေရင်အောင်မြင်တဲ့လူဖြစ်ပါတယ်လို့ မော်ဒယ်လ်ထားထက်ထက် က ပြော ဆိုလိုက်ပါတယ်။'အောင်မြင်မူ ဆိုတာကဘယ်အရာပဲ လုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ပျော်ရွှင်မှုရှိနေတယ်။ စိတ်ညစ်တာမရှိဘူး။ လူတစ်ဖက်သားကို ကိုယ်လုပ်ပေးနိုင်သလောက်လုပ်ပေးတာ။ ငွေကြေးအရမ်းချမ်းသာမှ၊ အရမ်း နာမည်ကြီးမှ၊ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်မှအောင်မြင်တယ်လို့ သတ်မှတ်တာမျိုး မဟုတ်ပါ ဘူး'လို့သူက ဆိုပါတယ်။
မော်ဒယ်လ်ထားထက်ထက်က လက်ရှိမှာတော့ဇာတ်ကားတွေရိုက်နေပြီး ဂျာနယ်၊ မဂ္ဂဇင်းကာဗာတွေလည်း ရိုက်နေတယ်လို့ ဆိုပါတယ်။'လက်ရှိကတော့ ဇာတ်ကားတွေ ရိုက်နေပါတယ်။ဂျာနယ်တွေ၊ မဂ္ဂဇင်း ကာဗာတွေအတွက်လည်းဓာတ်ပုံရိုက်နေပါတယ်။ ကြော်ငြာတွေလည်း ရိုက်ဖို့ရှိပါတယ်။ ပရဟိတလုပ်ငန်း တွေလည်း ဆက်တိုက်လုပ်ဖြစ်နေပါတယ်'လို့ ထားထက်ထက်က ဆိုပါတယ်။ အနုပညာလုပ်ငန်းမှာ မော်ဒယ်လ်အဖြစ်ရပ်တည်သွားမှာဖြစ်ပြီးသူနဲ့ကိုက်ညီတဲ့ ဇာတ်လမ်းတွေမှာတော့ သရုပ်ဆောင် လုပ်သွားမယ်လို့ သူမက ဆိုပါတယ်။
လက်ရှိမှာတော့ ပရဟိတလုပ်ငန်းတွေမှာလည်းလိုက်ပြီးကူညီနေတယ်လို့ ဆိုပါတယ်။ 'မနေ့က ပဲခူးသွားဖို့
စီစဉ်ဖြစ်တာက အွန်လိုင်းဒိုနေရှင်းအဖွဲ့ကနေ လိုက်မလားဆြိုပီး တော့ခေါ်တယ။် ဒီဇိုင်နာကိုဖြိုးပြည့် ကအကုန် အတူတူသွားမယ်ဆိုပြီးတော့ အနုပညာရှင်တွေ လည်းပါတယ်။ မခင်ဝင့်ဝါတို့လည်း ပါတယ်။သွားရောက်လှူဒါန်း ဖြစ်ခဲ့တယ်'လို့ ဆိုပါတယ်။

No comments:

Post a Comment

back to top