Wednesday, August 20, 2014


ပင်လယ် လိပ်မကြီးများနှင့် လိပ်သားပေါက်များကြား စကားပြောဆို ဆက်သွယ်မှုကို မှတ်တမ်း ယူနိုင်ခဲ့
ဘရာဇီးနိုင်ငံမှ သိပ္ပံပညာရှင်များသည် သားဖောက်ရာသီတွင် ပင်လယ်လိပ်မကြီး များနှင့် ၎င်းတို့၏ သားပေါက်ကလေး များကြား အသံဖြင့် အပြန်အလှန် ဆက်သွယ်နေမှု ပုံစံများကို မှတ်တမ်း ရိုက်ယူနိုင် ခဲ့ကြောင်း သိရသည်။


သိပ္ပံပညာရှင်များ အနေဖြင့် ပင်လယ်ရေအောက် သတ္တဝါများ၏ အသံ ၂၅ဝ ကျော် ခန့်ကို မှတ်တမ်း ရိုက်ယူနိုင်ရန် အတွက် ရေအောက် ဟိုက်ဒရိုဖုန်းများနှင့် မိုက်ခရိုစကုပ် များကို အသုံးပြုခဲ့ကြသည်ဟု သိရသည်။

၎င်းတို့သည် ပင်လယ်လိပ်မကြီးများနှင့် ၎င်းတို့၏ သားပေါက်ကလေးများကြား အသံ ဖြင့် ဆက်သွယ်မှုကို ပထမဆုံးအကြိမ် မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်ပြီး မှတ်တမ်းများအရ လိပ်မကြီးများနှင့် လိပ်ကလေးများ ကြားတွင် ကွဲပြားသော အသံခြောက်မျိုးဖြင့် အဆက် အသွယ် ပြုလုပ်ကြကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ကာမီလာဖာရာရာက ပြောကြား သည်။

ပင်လယ် လိပ်မကြီးများနှင့် ၎င်းတို့၏ သားပေါက်ကလေးများကြား အဆက်အသွယ်ပြု ပြောဆိုသည့်  ထူးဆန်းသည့် စကားသံများ ပါဝင်သည့် မှတ်တမ်းများ အပါအဝင် သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များကို Herpetolo-gica ဂျာနယ်တွင် မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ပင်လယ်လိပ်ကြီးများ အပြင် အခြားရေနေ သတ္တဝါများ၏ နေထိုင်မှု ပတ်ဝန်းကျင်သည် မိမိတို့ယခင်က ထင်မြင် ယူဆထားသည်ထက် ပိုမိုရှုပ်ထွေးကြောင်း ၎င်းဂျာနယ်တွင် သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောကြားထားသည်။    


No comments:

Post a Comment

back to top