Wednesday, August 20, 2014


အီရန် နိုင်ငံ အနောက် ပိုင်းတွင် ပြင်းအား ၆ ဒသမ ၃ ရစ်ခ်ျတာ စကေးရှိ ငလျင် လှုပ်ခတ်
အီရန်နိုင်ငံ အနောက်ပိုင်းတွင် သြဂုတ် ၁၈ ရက်က ပြင်းအား ၆ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း
ကမ္ဘာ တစ်ဝန်းရှိ ငလျင် လှုပ်ခတ်မှုများကို စောင့်ကြည့် အစီရင်ခံလျက်ရှိသည့် အမေရိကန် ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးအဖွဲ့က ထုတ်ပြန် ပြောကြားခဲ့သည်။ အဆိုပါ ငလျင်သည် အီရန် နိုင်ငံ အက်ဘ်ဒါနန်မြို့၏ အရှေ့တောင်ဘက် ၃၆ ကီလိုမီတာ(၂၂ မိုင်) အကွာရှိ မြေအောက် ၁ဝ ကီလိုမီတာ(၆ ဒသမ ၂မိုင်) ကိုဗဟိုပြု၍ ဂရင်းနစ် စံတော်ချိန် နံနက် ၂ နာရီ ၃၂မိနစ်ခန့်က လှုပ်ခတ် သွားခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ  ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅ဝ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ကယ်ဆယ်ရေးအဖွဲ့က ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံသည် ငလျင်ပြတ်ရွေ့ကြောများ ပေါ်တွင်တည်ရှိနေသော နိုင်ငံတစ်ခုဖြစ်ပြီး ယင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဧပြီလက လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ ငလျင် လှုပ်ခတ်မှုကြောင့် ဒေသခံပြည်သူ စုစုပေါင်း ၄ဝ ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

back to top