Wednesday, August 27, 2014

အက်ရှင်ဇတ်လမ်းသစ်တစ်ခုတွင် စပိုင်အဖြစ်ပြန်လည် သရုပ်ဆောင်မည့် ဂျိန်းစဘွန်းမင်းသား Brosnan


ယခင် 007 မင်းသား Pierce Brosnan သည် The November Man ဇတ်ကားတွင် သေနတ်များ စပိုင်များပါဝင်သည့် လောကသို့ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ယခင် ၄င်း၏ CIA ခေါင်းဆောင်ကို ဖေါက်ခွဲရေးလက်နက်များဖြင့် ပြန်လည်ဆန့်ကျင်သည့် ဇတ်ကောင်စရိုက်မျိုးသရုပ်ဆောင်ရမည့် အက်ရှင်ဇတ်လမ်းမျိုး ဖြစ်ကြောင်း သိရသည်။

 အသက် (၆၁) နှစ်ရှိပြီဖြစ်သည့် အိုင်ရစ်လူမျိုး သရုပ်ဆောင်သည်  သရုပ်သဏ္ဍာန်ပေါ်လာအောင် ၄င်းအနေဖြင့် ကြိုးကြိုးစားစားသရုပ်ဆောင်ရမည်ဖြစ်သော်လည်း ၄င်းအနေဖြင့် ကာလအနည်းငယ်ကြာသည်အထိ James Bond အဖြစ်သရုပ်ဆောင်ချင်သည့်ဆန္ဒမှာ ပျောက်ကွယ်မသွားကြောင်းပြောကြားခဲ့သည်။ ၄င်းဇတ်ကားအား သြဂုတ်လ (၂၇) ရက်နေ့တွင် အမေရိကန်တွင်စတင်ပြသမည်ဖြစ်ပြီး မင်းသမီးမှာ ယခင်ဂျိမ်းစဘွန်းမင်းသမီး Olga Kurylenko ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

back to top