Tuesday, August 19, 2014



အမေရိကန် အကျိုးစီးပွားအတွက် အီရတ်ကို ကူညီခြင်းဖြစ်ကြောင်း အိုဘားမားပြောကြား

အမေရိကန်သမ္မတအိုဘားမားက အီရတ်အစိုးရကို စစ်ရေးအရ အကူအညီမျးပေးနေခြင်းမှာ အမေရိကန် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။


အိုဘားမားသည် အီရတ်နိုင်ငံရှိ ISIS အဖွဲ့အား အမေရိကန် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုပြု လုပ်နေခြင်းနှင့် ပတ်သက်၍ ကွန်ဂရက်သို့ ရှင်းလင်းပြောကြားခဲ့ရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အိုဘားမားက “ISIS အဖွဲ့ဟာ အီရတ်နိုင်ငံမှာ တည်ငြိမ်မှု ပျက်ယွင်းအောင် ဆောင်ရွက်နေသလို လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ပြုလုပ်နေပါတယ်။ အီရတ်နိုင်ငံအတွက် အသက်ကြောလို့ ဆိုရမယ့် မိုဆူးရေကာတာကို ထိန်းချုပ်ပြီး အပြစ်မဲ့တဲ့ပြည်သူတွေကို အကျိုးသက်ရောက်မှုရှိစေမယ့် လုပ်ရပ်တွေဖန်တီးဖို့လဲ ကြိုးစားနေပါတယ်။ ဒါကြောင့် အီရတ်စစ်တပ်နဲ့ ကာ့ဒ်ဒေသက အထူးတပ်ဖွဲ့တွေ မိုဆူးရေကာတာကို သိမ်းပိုက်ဖို့အတွက် လိုအပ်တဲ့စစ်ရေးအကူအညီတွေ ပေးနေတာပါ။ အီရတ်မှာ ကူညီနေတဲ့ စစ်ရေးကူညီမှုတွေဟာ လိုအပ်တာထက် ပိုမိုလုပ်ဆောင်ခြင်းမရျိပါဘူး။ အကူ အညီပေးနေခြင်း ရဲ့ အဓိကရည်ရွယ်ချက်ကလဲ အီရတ်နိုင်ငံမှာရှိနေတဲ့ တည်ငြိမ်တိုးတက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပါပွားကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်” ဟုပြောသည်။

အမေရိကန်စစ်တပ်သည် ယနေ့နံနက်ပိုင်းအထိ မိုဆူးရေကာတာကို သိမ်းပိုက်ရန် ကြိုးစားနေသည့် ကာ့ဒ်ဒေသ အထူးတပ်ဖွဲ့ဝင်များနှင့် အီရတ်တပ်များကို အထောက်အကူဖြစ်စေရန် ISIS အဖွဲ့အား လေကြောင်းမှ ၁၄ ကြိမ်ခန့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အမေရိကန်စစ်ဦးစီးဌာနချုပ်၏ အတည်ပြုချက်အရ တိုက်ခိုက်မှုအများစုမှာ လက်နက်ကြီးများနှင့် ထောက်ပံ့ရေးတပ်များကို ဦးတည် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ကာ့ဒ်အထူးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မိုဆူးရေကာတာ၏ အဓိကကျသော နေရာများကို ထိန်းချုပ်ထားနိုင်သည်ဟု ဖော်ပြသည်။




No comments:

Post a Comment

back to top