Wednesday, August 20, 2014



ထိုင်းစစ်တပ်ခေါင်းဆောင်များ ဥပဒေပြုလွှတ်တော်ခေါ်ယူ

ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လွှဲပြောင်းရယူထားသည့် ထိုင်းစစ်ခေါင်းဆောင်များသည် လာမည့် ဘဏဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်ပြဋ္ဌာန်းရန် ဥပဒေပြုလွှတ်တော်ခေါ်ယူခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

ထိုင်းနိုင်ငံ အုပ်ချုပ်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိမ်းသိန်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာသည် အစိုးရအဖွဲ့အသုံးစရိတ် ပြဋ္ဌာန်းအတည်ပြုရမည့် အချက်အတွက် ဥပဒေပြုလွှတ်တော်ခေါ် ယူခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးနှင့် ဆိုင်သော လုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် ဥပဒေအချို့သုံးသပ် ဆွေးနွေးရန်လည်း ပြင်ဆင်ထားသည်ဟု ထိုင်းစစ်တပ်အကြီး အကဲတစ်ဦးက ပြောသည်။
မေ ၂၂ ရက်က ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို စစ်တပ်က လွှဲပြောင်းရယူခဲ့ပြီးနောက်တွင် ထိုင်းနိုင်ငံအတွင်း၌ တည်ငြိမ်မှုမြင့်မားလာခဲ့သော်လည်း ခြောက်လခန့်ကြာမြင့်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး အခြေအနေကိုမူ အပြောင်းအလဲဖြစ်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသေးဟု သိရသည်။ ထိုင်းဥပဒေပြုလွှတ်တော် အစည်းအဝေးကို ရက်သတ္တပတ်ခန့် ကျင်းပမည်ဟု ဆိုသည်။

No comments:

Post a Comment

back to top