Thursday, August 21, 2014




ဆွေးနွေးပွဲတွေလုပ်ဆောင်နေတဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံ

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစစ်တပ်တွေထိပ်တိုက်တွေ့ဆုံနိုင်တယ်လို့ ဂျာမနီနိုင်ငံက သတိပေးထားပေ မယ့် နှစ်နိုင်ငံစလုံးကတော့ ဆွေးနွေးပွဲတွေဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ရုရှားနိုင်ငံက ယူကရိန်းခွဲထွက်ရေးသမားတွေကို နယ်စပ်ဖြတ်ကျော်ပြီး လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့ အချက် ကို ငြင်းဆိုပြီးတဲ့နောက်မှာ ရုရှား၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘာလင်မြို့မှာ တနင်္ဂနွေနေ့တုန်းက တွေ့ဆုံခဲ့ ကြပါတယ်။


ဂျာမနီနိုင်ငံခြားရေးဝန်ကြီး "ဖရန့်ဝေါ်တာ စတိန်မီးယား"ကတော့ ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ ကြားမှာ ထိပ်တိုက်တွေ့ဆုံမှုမျိုး မရှိစေဖို့အတွက် အားလုံးဟာ ဂရုတစိုက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး "ခင်ကင်"ကတော့ ရုရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေး ခဲ့ရတာခက် ခဲကြောင်းနဲ့ ရုရှားနိုင်ငံကနေ ရာနဲ့ချီတဲ့ ကျွမ်းကျင် တိုက်ခိုက်ရေးတပ်သားတွေကို ခွဲထွက်ရေးသမားတွေ က ရရှိထားတယ်ဆိုတဲ့ ခွဲထွက်ရေး သမားတွေရဲ့ ပြောကြား ချက်ကို ဖြေရှင်း ချက်ပေးဖို့ ရုရှားကို ဂျာမနီက တောင်းဆိုထား တယ်လို့လည်း ပြောပါတယ်။
ရုရှားသမ္မတရုံးက ပြောခွင့်ရပုဂ်္ဂိုလ်ကတော့ နယ်စပ်ကို ဖြတ်ကျော်ပြီး ခွဲထွက်ရေးသမားတွေကို လက်နက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဒီအတော အတွင်း ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းကိုလူသားချင်း စာနာမှုဆိုင်ရာ အကူ အညီတွေ ပေး အပ်မယ့် ရုရှားထရပ်ကားယာဉ်တန်းတွေကို ယူကရိန်းအရာရှိတွေက နယ်စပ်မှာ စုံစမ်းစစ်ဆေး မှုတွေလုပ်ဆောင်နေ ပါတယ်။
ယူကရိန်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ရုရှားဟာ အဲ့ဒီယာဉ်တွေကို အသုံးချပြီး ခွဲထွက်ရေး သမားတွေကို လက်နက်ထောက်ပံ့မှာကို စိုးရိမ်နေကြပါတယ်။ ရုရှားနိုင်ငံ အကူအညီပေးအပ်မှုမှာ ပူးပေါင်းပါဝင်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတော့ရုရှားနဲ့ ယူကရိန်းအာဏာပိုင်တွေဟာ ယာဉ်တန်းတွေ ကို စစ်ဆေးမယ့် လုပ်ထုံးလုပ်နည်းတွေကို သဘောတူညီထား ပြီဖြစ်တယ်လို့ ပြောပါတယ်။

No comments:

Post a Comment

back to top