Thursday, August 21, 2014



အသက် (၁၁၁) နှစ်ရှိ ဂျပန်ဘိုးသက်ရှည် ကမ္ဘာ့အသက်ကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာ

ဂျပန်နိုင်ငံသား အသက် ၁၁၁ နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးသည် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းတင် အဖွဲ့၏ တရားဝင် သက်သေခံလက်မှတ်ကို တိုကျိုမြို့ရှိ ဘိုးဘွားရိပ်သာ၌ သြဂုတ် ၂၀ ရက်က လက်ခံရယူခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယင်းအဘိုးအိုသည် ရိုက်စ်ညီနောင်က ကမ္ဘာ့ပထမဆုံးလေကြောင်း ပျံသန်းမှု ပြုလုပ်ခဲ့ခြင်းမရှိမီ လပေါင်း အတန်ကြာကာလအလိုတွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရပြီး ကမ္ဘာ့ပေါ်တွင် အသက်ရှည်ဆုံး အမျိုးသားအဖြစ် သြဂုတ် ၂၀ ရက်တွင် အသက် ၁၁၁ နှစ်ရှိပြီဟု သတ်မှတ်ခံရသူလည်းဖြစ်သည်။

ဆာကာရီမိုမီအမည်ရှိ အဆိုပါ ဂျပန်အဘိုးအိုမှာ ၁၉၃၀ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး အထက်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြစ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတင်အဖွဲ့၏ ဘိုးသက်ရှည်အဖြစ် သက်သေခံလက်မှတ်ကို လက်ခံရရှိခဲ့သူဖြစ်သည်။

အနက်ရောင်ပွဲတက်ဝတ်စုံနှင့် ရှပ်အင်္ကျီဖြူဝတ်ဆင်ကာ ငွေရောင်ဘိုးတိုင်ကို ဆင်မြန်းထားသည့် အဘိုးအိုက တိုကျိုမြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့သည်။

မိမိသည် ယခုနေထိုင်ရာ ဘိုးဘွားရိပ်သာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလိုခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့ဘိုးသက်ရှည်ဘွဲ့ကို မစ္စတာ ဆာကာရီက ယခုနှစ် ဇွန်လအတွင်းက ကွယ်လွန်ခဲ့သော အမေရိကန်နိုင်ငံသား ဘိုးသက်ရှည် အလက်ဇန္ဒားအင်မိတ်ထံမှ လွှဲပြောင်းရယူခဲ့သည်။ ယင်းအမေရိကန် ဘိုးသက်ရှည်မှာ အစ္စတာဆာကာရီထက် ရက်အနည်းငယ်စောကာ မွေးဖွားခဲ့သူဖြစ်သည်။

 

No comments:

Post a Comment

back to top