Wednesday, August 20, 2014



အက်စပရင် ဆေးဝါး သုံးစွဲ ခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်ပွား နှုန်း ကို လျော့ကျ စေနိုင်

အက်စပရင် သို့မဟုတ် အိုင်ဘူပရိုဖန် ကဲ့သို့သော ဆေးဝါးများကို သုံးစွဲသည့် သွေးဆုံးပြီး အဝလွန် ရင်သားကင်ဆာ ဝေဒနာရှင်အချို့တွင် ရင်သားကင်ဆာ ပြန်ဖြစ်မှု နှုန်း သိသိသာသာ လျော့နည်းကြောင်းကို သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု ဆန်အန်တိုနီယိုမြို့ရှိ တက္ကဆက်ကျန်းမာရေး သိပ္ပံတက္ကသိုလ်၏ ကင်ဆာကုထုံးနှင့် သုတေသနဌာနမှ သိပ္ပံပညာရှင်များနှင့် အော်စတင်မြို့ တက္ကဆက်တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည်  ရင်သားကင်ဆာ ရောဂါ ဖြစ်ပွားသူ လူနာများ ၏ သွေးရည်ကြည်ကို စစ်ဆေးခြင်းဖြင့် ၎င်းတို့၏ လေ့လာမှုများကို အစပြုခဲ့ကြသည်။
သုတေသီများသည် လေ့လာမှုအဆင့်ဆင့်  ပြုလုပ်ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို  ပြန်လည် စစ်ဆေးခဲ့ရာတွင် အက်စပရင်ကဲ့သို့သော ဆေးများကို အသုံးပြု သည့် လူနာများတွင် ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားမှုနှုန်း  သိသိသာသာ ကျဆင်းနေပြီး ရာခိုင်နှုန်း အားဖြင့် ၅ဝ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ကြောင်း တွေ့ရှိခဲ့ကြ သည်။ ထို့အပြင် ရင်သားကင်ဆာ ရောဂါရှင်တစ်ဦး၏ ရောဂါခံစားရမှု ကင်းဝေးသည့် အချိန်ကာလကိုလည်း နှစ်နှစ်ကျော်ခန့်အထိ တိုးမြှင့်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သိပ္ပံပညာရှင်များ၏ အဆို ပါ လေ့လာတွေ့ရှိမှုကို Cancer Research ဂျာနယ်တွင်  ထုတ်ဖော်ရေးသား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top