Tuesday, August 19, 2014

ကိုယ့်ဘဝ အတွက်လည်း စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်ဖို့ လိုပါတယ် ဆိုတဲ့ ခင်စုစုနိုင် 


ချစ်မြဲတိုင်း ချစ်မယ် တေးသီချင်းခွေဖြင့် ပရိသတ်များ လက်ခံ အားပေးမှု ရရှိထားသော အဆိုတော် ခင်စုစုနိုင်က အချစ်ဆိုသည့် အရာက သူမအတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်သလို ကိုယ့်ဘဝ အတွက်ကို လည်း စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်ရန် လိုပါသည်ဟု ပြောပြ ခဲ့သည်။
ခင်စုစုရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ။ အိမ်ထောင်ပြုဖို့လည်း မစဉ်းစားသေးပါဘူး။ လူငယ် တိုင်းက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ကြတဲ့အထဲမှာ ခင်စုစုလည်း ပါပါတယ်။ ဘဝ အတွက် အချစ်ကတော့ မရှိမဖြစ် ရှိနေမှာပါပဲ။ ဒါပေမဲ့ အချစ်ဆိုတာက အချို့ဆိုရင် ပျော်ရွှင်ရတာတွေ ရှိသလို အချို့ကလည်း စိတ်ညစ်စရာတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ လူတိုင်း မလုပ်နိုင် ကြတာက ကိုယ့်ကိုယ်ကို ပိုချစ်တာပါ။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်မယ်ဆိုရင် အရမ်းကြီး စိတ်ညစ်ရမှာ မဟုတ်ဘူး လို့တော့ ထင်ပါတယ်။ ကိုယ့်ရဲ့ ဘဝအတွက်ကိုလည်း နည်းနည်း ဦးစားပေး စဉ်းစား စေချင်ပါတယ်။ ဒါကြောင့် လူတိုင်းချစ်ပါ။ ဒါပေမဲ့လည်း ကိုယ့်ကိုယ် ကိုယ်တော့ နည်းနည်း ပိုချစ် ပေးကြမယ် ဆိုရင် ပြင်းထန်တဲ့ ခံစားမှုတွေ နည်းသွား မယ်လို့ ထင်ပါတယ်'' ဟုပြောပြခဲ့သည်။
ပထမ တေးသီချင်းခွေဖြစ်သည့် ချစ်မြဲတိုင်းချစ်မယ် တေးသီချင်းခွေ ထွက်ရှိပြီး နောက်ပိုင်း တွင်လည်း ချယ်ရီ FM အခွေထဲတွင် ပါဝင် သီဆိုထားပြီး သူမ၏ ဒုတိယ တေးသီချင်းခွေ အတွက် ပြင်ဆင် နေမှုများ ကိုလည်း ပြောပြခဲ့သည်။ ''ခင်စုစုရဲ့ ဒုတိယ သီချင်းတွေအတွက် ပြင်ဆင်မှု ကတော့ သီချင်းတွေက ပြီးသလောက် ဖြစ်နေပါပြီ။ ခေါင်းစဉ်က မပေးရသေးပါဘူး။ ဒီနှစ်ကုန် နောက်နှစ်လောက်တော့ Audio အခွေကို ပရိသတ် လက်ထဲကို ရောက်အောင် ပို့ပေးဖို့ ကြိုးစား နေပါတယ်။ သီချင်းလေးတွေ ကိုတော့ ဒီအခွေထဲမှာ ခပ်မြူးမြူး ပုံစံလေးတွေ ပိုများအောင် လုပ်ထားပါတယ်။ ကိုယ်ဆိုနေကျ မဟုတ်တဲ့ ပုံစံလေးတွေလည်း ပါမယ်။ ပရိ သတ်က ခင်စုစုကို အားပေးတာက သီချင်းအေးအေးတွေနဲ့ ပိုလိုက် တယ်လို့တော့ ပြောကြ တယ်။ အဲဒါကြောင့် သီချင်း အေးအေးတွေ ပိုများပါမယ်။ ပထမ အခွေမှာက ခင်စုစု လိုအပ်ချက် လေးတွေ၊ အားမရတဲ့အပိုင်းလေးတွေ ရှိတဲ့အတွက် ဒီအခွေ လေးကို အချိန်ယူပြီး အကောင်းဆုံး လုပ်နေတာပါ''ဟု သူမက ပြောပြခဲ့သည်။

 

No comments:

Post a Comment

back to top