Thursday, August 21, 2014



ဘရာဇီးနိုင်ငံ၏ သစ်တောထိန်းသိမ်းရေး တိုးတက်အောင်မြင်

ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တော ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်း၌ တိုးတက်အောင်မြင်မှုများ ရရှိနေကြောင်း နော်ဝေနိုင်ငံက ထုတ်ပြန်သော အစိရင်ခံစာတစ်ရပ်တွင် ဖော်ပြ ထားသည်။ နော်ဝေနိုင်ငံ သည် သစ်တောဖွ့ဖြိုးရေး အကူအညီပေးသည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဘရာဇီးနိုင်ငံ၌ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သစ်တောထိန်းသိမ်းရေး လုပ်ငန်း၌ အသုံးပြု ရန် နော်ဝေနိုင်ငံက ခရောင်း၁၀ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) ထောက် ပံ့ပေးခဲ့ကြောင်း နော်ဝေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြသည်။

ဘရာဇီးနိုင်ငံ၏ သစ်တောပြုန်းတီးမှုနှုန်းနှင့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှုန်းတို့ သိသိ သာသာ ကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ နော်ဝေနိုင်ငံ၏ ရန်ပုံငွေဖြင့် ဘရာဇီးနိုင်ငံ၌ အကောင်အထည်ဖော်နေသော သစ်တောထိန်းသိမ်းရေး စီမံကိန်းများမှာ တိုးတက်အောင်မြင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နော်ဝေနိုင်ငံသည် ဘရားဇီးနိုင်ငံသာမက အင်ဒိုနီးရှားနိုင်ငံ၏ သစ်တောထိန်းသိန်းရေး စီမံကိန်းများအတွက် ရန်ပုံငွေများကို ပေးအပ်ထောက်ပံ့ပေးခဲ့သည်။

No comments:

Post a Comment

back to top