Wednesday, August 20, 2014



တောင်-မြောက် ကိုရီးယား နိုင်ငံသား အားလုံး သံသယများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး တည်ဆောက် ကြရန် ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ကိုရီးယား နိုင်ငံသားအားလုံး အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရှိနေသည့် သံသယအတွေးအခေါ် များကို စွန့်လွှတ်ရန်နှင့် နှစ်နိုင်ငံငြိမ်းချမ်းရေးကို ခိုင်မာအောင် ကြိုးပမ်းသင့်ကြောင်း၎င်း၏ ပထမဆုံးအကြိမ် အာရှခရီးစဉ် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁၈ ရက် တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အဆိုပါ တိုက်တွန်းချက်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကြားမှ သြဂုတ် ၁၈ ရက်တွင် စတင် ခဲ့ပြီး နောက် တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုကြား နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို သြဂုတ် ၁၈ ရက်မှ ၂၉ ရက်ထိတိုင် လုပ်ဆောင် သွားမည်ဟုသိရသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၎င်း၏ ပထမဆုံး အာရှခရီးစဉ် အဖြစ် တောင် ကိုရီးယားနိုင်ငံသို့ ငါးရက်ကြာလာရောက် လည်ပတ်ခဲ့ခြင်း ဖြစ် သည်။ အဆိုပါ တိုက်တွန်း ပြောကြား ချက်ကို မြောက် ကိုရီးယား ပြည်ပြေး အချို့ အပါအဝင် တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟေး ကိုယ်တိုင် တက်ရောက်ခဲ့သည့် ဆိုးလ်မြို့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီး တစ်ခု၌ ပြုလုပ်သော Mass ပွဲတော် (ကက်သလစ်ဘာသာတွင်ခရစ်တော်နှင့် တပည့်တော် များနောက်ဆုံး ညစာစားပွဲ အထိမ်းအမှတ်အဖြစ် ကျင်းပသည့်ပွဲတော်) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။


No comments:

Post a Comment

back to top