Friday, August 22, 2014

နှလုံးအားနည်းတဲ့ ရောဂါကြောင့်အလုပ်ကို ပေါ့ပေါ့ပါးပါးနဲ့ နားနားနေနေပြန်လုပ်ရတယ်လို့ ဆိုလာတဲ့ အိချောပို


နာမည်တစ်လုံကို ပိုင်နိုင်စွာ ရရှိလာခဲ့သူ အိချောပိုဟာ မကြာသေးခင်က ဗီဒီယိုဈေးကွက်မှာ နာမည်ရနေပြီးသား နာမည်သုံးလုံးပိုင်ရှင် မင်းသားတစ်လက်နဲ့ ခိုးပြေးသွာတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့ ဒါဟာ အဖြစ်မှန်မဟုတ်ပါဘူးလို့ သူမက ငြင်းချက်ထုတ်ထားပါတယ်။ လတ်တလောမှာတော့ အိချောပိုဟာ ကူဖော်လောင်ဖက် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားထဲမှာ အိချောပိုဟာ အိမ်ဖော်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဇာတ်ကားနဲ့ရော သူမရဲ့သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီးတော့ပါ ပြောပြသွားတာက “ဒီကားလေးထဲမှာ အိချောပိုက အိမ်ဖော်ကာရိုက်တာလေးကို ပြထားတာပေါ့။ ဇာတ်တွေကတော့ ငြင်းရလောက်တဲ့ ဇာတ်လမ်းမျိုးလဲ မရှိသေးဘူး။ အိချောကိုယ်တိုင်လဲ လုပ်ကွက်ရတယ်။ အိချောနဲ့လဲ လိုက်တဲ့ ကာရိုက်တာတွေကြီး ပဲဖြစ်တဲ့အတွက် အိချော လက်ခံရိုက်ဖြစ်တယ်ပေါ့။ အိချောက ကိုယ်နဲ့လိုက်ဖက်တယ်ဆိုတဲ့ ကာရိုက်တာထက် ကာရိုက်တာ အစုံကို ပရိသတ်ကြိုက်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး အ၀တ်အစား အပြင်အဆင်ပိုင်းကအစ အမြဲအစဉ်းစားဖြစ်ပါတယ်။ ဗီလိန်ဆန်တဲ့ဇာတ်တွေလဲ ရိုက်တယ်။ ကာရိုက်တာ အကုန်ရိုက်တယ်။ ရိုးတာရော၊ ဆန်းတာရောပေါ့။”လို့ သူမက ပြောပါတယ်။
ရုပ်ရှင်ကားကြီးအတွက် လာငှားတဲ့အခါ ကိုယ်တိုင်တွက်လဲ လုပ်ကွက်ရပြီး ဇာတ်လမ်း ကောင်းမယ်ဆိုရင် လက်ခံရိုက်ကူးမယ်လို့ ဆိုတဲ့ သူမက “ကားကြီးအတွက် ပြောထားတာကတော့ ၉လပိုင်းလို့ ပြောထား တယ်။ အတိအကျတော့ မသိရသေးဘူး။ အစကတော့ ပျိုးခင်းထဲက မင်းသားတွေနဲ့ပဲ ရိုက်တယ်။ ခုစာချုပ်ပြည့်ပြီးသွားတဲ့ချိန်မှာ တခြားအပြင်တိုက်က မင်းသားတွေနဲ့လဲ ရိုက်ရတယ်ဆိုတော့ အရင်ကထက်တော့ ပိုပြီးကျယ်ပြန့်သွားတယ်လို့ပြောလို့ရပါတယ်”တဲ့။

နိုင်ငံခြားမှာ Medical check up သွားလုပ်ဖြစ်တာနဲ့ပတ်သတ်ပြီးတော့လဲ “အိချောပို နှလုံးမကောင်း လို့ဆေးသွားစစ်တာပေါ့နော်။ နှလုံးအားနည်းတာတဲ့။ ဘန်ကောက်မှာပါ။ စိတ်ပင်ပန်းတာတွေ များတာကြာင့်ဖြစ်တာလို့ပြောပါတယ်။ စကားပြောတာကအစ မောမောနေလို့လေ။ ကျန်းမာရေးကိုတော့ သိပ်သတိမထားဖြစ်ဘူး။ အရင်ကပေါ့နော်။ အခု ဆေးသွားစစ်ပြီးတော့ နှလုံးအားနည်းနေတာဆိုတော့ အရင်ကလို စိတ်ကို အရမ်း ဖိစီးအောင် မထားတော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့နားနားနေနေပဲ လုပ်ပါတော့တယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

back to top