Wednesday, August 20, 2014



ဆီးရီးယား ဓာတု လက်နက် များအား အမေရိကန် Cape Ray သင်္ဘော ၌ အောင်မြင်စွာ ဖျက်ဆီး နိုင်ခဲ့

အမေရိကန်ထုတ် စစ်မြေပြင်သုံး ရေစွမ်းအင်စနစ် တပ်ဆင်ထားသည့် Cape Ray အမည်ရှိ အမေရိကန် သင်္ဘောတစ်စင်းသည် လေကြောင်းမှ တိုက်ခိုက်ခြိမ်းခြောက် မှု အန္တရာယ်ကို  ရှောင်လွှဲနိုင်ရန် အတွက်ယခုနှစ်အတွင်း နိုင်ငံတကာ အဖွဲ့အစည်းသို့ အပ်နှံခဲ့သည့် ဆီးရီးယား ဓာတုလက်နက်အားလုံး၏ အာနိသင်ကို ပင်လယ်တွင်း ၌ပင် ပျက်ပြယ်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၉ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။
ဖျက်ဆီးခဲ့သည့် ဓာတုလက်နက် အားလုံး၏ စုစုပေါင်း အလေးချိန်မှာ မက်ထရစ်တန် ၆ဝဝ ရှိပြီး ဆာရင်း ဓာတ်ငွေ့ ကဲ့သို့သော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် DF ဓာတုပစ္စည်း ၅၈၁ ဒသမ ၈ မက်ထရစ်တန်နှင့် အရေပြား ကို လောင်စေတတ်သည့် ဓာတ်ငွေ့ကဲ့သို့သော HD ဓာတုပစ္စည်း ၁၉ ဒသမ၈ မက်ထရစ်တန်တို့ကို မြေထဲပင်လယ်တွင်း၌ ခုတ်မောင်းနေစဉ်အတွင်း ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
Cape Ray သင်္ဘောကြီးသည် အာနိသင် ပျက်ပြယ်နေပြီဖြစ်သော အဆိုပါဓာတုပစ္စည်းများကို အန္တရာယ်ကင်း၊ မကင်း စစ်ဆေးမှု များ ပြုလုပ်ရန်အတွက် လာမည့်ရက် သတ္တနှစ်ပတ်တွင် ဖင်လန်နိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ ဓာတုလက်နက်များကို ပင်လယ်တွင်း၌ ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ် မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်ထုတ် စစ်မြေပြင်သုံး ရေစွမ်းအင်စနစ်တွင် ဓာတုပစ္စည်းများကို ဓာတ်ပြယ်စေရန်အတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်၊ ဆိုဒီယမ်ဟိုက်ဒရောဆိုက်နှင့် ရေကဲ့သို့သော  ဓာတ်ပစ္စည်းများအပြင် အခြားအရာဝတ္ထု များကိုလည်း အသုံးပြု ထားကြောင်း အမေရိကန်စစ်ဘက်  ဓာတုဇီဝဗေဒဆိုင်ရာ ဌာနမှ ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top