Tuesday, August 19, 2014



လိုက်ဘေးရီးယားတွင် အီဘိုလာ ရောဂါသည်များ ပျောက် ဆုံးနေခြင်းကြောင့် လူအများ ထိတ်လန့်နေ

လိုက်ဘေးရီးယား နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ (၁၇)ဦး ကုသရေး စင်တာများ မှ ပျောက်ဆုံးသွားသည့် အခြေအနေကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာကြောင်း သိရှိရသည်။

အာဖရိက အနောက်ပိုင်း ဒေသတွင် အီဘိုလာ ကူးစက်မှုကို အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံများအနက် တစ်ခုအပါအဝင် ဖြစ်သည့် လိုက်ဘေးရီးယားတွင် ကုသရေးစင်တာတစ်ခု တိုက်ခိုက်ခံရပြီးနောက် လူနာများ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ အစိုးရက ရောဂါကူးစက်မှုကို တားမြစ်ရန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် ဒေါသထွက်နေသည့် ပြည်သူများက မြို့တော် မွန်ရိုဗီရာရှိ အီဘိုလာ ကုသရေး စခန်းတစ်ခုကို ဩဂုတ် (၁၆)ရက် ညနေပိုင်းက ဝိုင်းဝန်း တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့သည်။
ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက တိုက်ခိုက်ခံရသည့် နေရာမှ ရောဂါသည် အားလုံးကို အခြားသော ကုသရေးစင်တာ တစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း လူနာ(၁၇)ဦးသည် စင်တာမှ ထွက်ပြေးလွတ်မြောက်သွားပြီး (၁၀)ဦးကိုမူ မိသားစုများက ပြန်လည် ခေါ်ယူ သွားကြောင်း ဒေသခံ သတင်းထောက် တစ်ဦးက BBC သို့ ပြောကြားခဲ့သည်။
လူနေထူထပ်သော အဆိုပါ ဒေသတွင်း ရောဂါသည်များ ပျံ့နှံနေနိုင်သည်ဆိုသော သတင်းသည် ဒေသခံ များအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ လိုက်ဘေးရီးယားတွင် အီဘိုလာကြောင့် လူ(၄၀၀)ကျော် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဖော်ပြချက်များအရ သိရှိရသည်။
ကျန်းမာရေး လက်ထောက်ဝန်ကြီး တိုးလ်ဘတ် ညန်စ်ဆွက်သ်က အီဘိုလာ ရောဂါသည်များကို မိသားစုနှင့် ခွဲထားခြင်းအပေါ် မကျေနပ်မှုများ ရှိနေသလို အီဘိုလာရောဂါ ကူးစက်မှုသည် အမှန်တကယ် မဟုတ်ဘဲ ယုံတမ်းတစ်ခုဟု ယူဆနေသူများလည်း ရှိနေကြောင်း ဆိုသည်။ ကုသရေးစင်တာ တိုက်ခိုက် ခံရသည့်နောက် လိုက်ဘေးရီးယား ရဲတပ်ဖွဲ့က ခြိမ်းခြောက်ပစ်ခတ်ကာ လူစုခွဲခဲ့ရကြောင်း သတင်းများ က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ထိ WHO ၏ ကောက်ယူထားသည့် စာရင်းများအရ ယခုနှစ် အီဘိုလာ ကူးစက်ပျံ့နှံ့မှုများအတွင်း လူပေါင်း (၁၁၄၅)ဦးထိ အသက်ဆုံးရှုံးခဲ့ပြီး ဆေးရုံတက် ကုသမှု ခံယူနေရသူ (၂၁၂၇)ဦး ရှိနေဆဲဟု သိရှိရသည်။

No comments:

Post a Comment

back to top