Tuesday, August 19, 2014



တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတစ်ခု စတင်ခဲ့ပြီဖြစ်သည်။ အဆိုပါ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်မှ ၂၉ ရက်ထိ ပြုလုပ် မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောခဲ့ သည်။ ထောင်ပေါင်းများ စွာသော တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုံးယမ်းအရာရှိများက ဒေါထွက်နေကြသည်။

၎င်းစစ်ရေးလေ့ကျင့်မှုသည် ကျူးကျော်နယ်ချဲ့ရန် အတွက် ပြုလုပ်ခြင်းဖြစ် သည်ဟု မြောက်ကိုရီး ယားဘက်က ပြောကြားခဲ့သည်။ ပြုံးယမ်းအနေဖြင့် အမေရိကန်တို့ပါဝင် ပတ်သက် သည့် ၎င်းစစ်ရေးလေ့ကျင့်မှုအင်အားကို သိရှိရန် လေ့လာမှုပြုလုပ်မည်ဖြစ်သည်။
ကိုရီးယားနိုင်ငံ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး မြောက်ကိုရီးယား ကော်မတီဝင် ကြာသပတေးနေ့ ပြန် ချက်တွင် တောင်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးကို အမှန်တတယ်တိုးတက်စေလိုပါက စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းသင့်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ် ကို ချောက်ကမ်းပါးစွန်းသို့ ကျစေနိုင်ပြီး နျူကလီးယားစစ်ပွဲ အန္တရာယ်ဖြစ်ပွားစေနိုင်သည်ဟုဆိုသည်။
ယခုအစောပိုင်းကလည်း ပြုံးယမ်းက စစ်ရေးလေ့ကျင့်မှုအပေါ် အရေးပေါ် ညီလာခံကျင်းပရန် ကုလသမဂ္ဂကို ဆော်သြတိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးရီတန်က နျူကလီးယားလက်နက် တပ်ဆင်ထားသော ရေငုပ် သင်္ဘောများကို တောင် ကိုရီးယား သို့ ယူဆောင်လာခြင်းသည် နျူကလီးယားဆိုင်ရာ ခြိမ်းခြောက်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်ကို စွပ်စွဲပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းက ပြုံးယမ်းဒုံးကျည် စမ်းသပ်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး ၀ါရှင်တန်နှင့်ဆိုးလ်တို့၏ ကိုရီးယား ကျွန်းဆွယ်ကမ်းလွန်၌ ရန်လိုသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ သဘောထားများကိုလည်း စွပ်စွဲခဲ့သည်။

No comments:

Post a Comment

back to top