Wednesday, August 27, 2014

Emmy Award for Outstanding Drama Series ဆုကBreaking Bad ရုပ်ရှင် ဇာတ်ကားရရှိ



(၆၆)ကြိမ်မြောက် Primetime Emmy Awards ဆုပေးပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ နိုကီရာ ပြဇာတ်ရုံတွင် သြဂုတ် ၂၅ ရက် ညပိုင်းက ကျင်းပခဲ့ရာAMC ကုမ္ပဏီမှ ရိုက်ကူးထုတ်လုပ်ခဲ့သော Breaking Bad ရုပ်ရှင်ဇာတ်ကားသည် Emmy Award for outstanding Drama Series ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ အဆိုပါ ဇာတ်ကားမှ သရုပ်ဆောင်များ ဖြစ်သော ဘရိုင်ယန် ခရန်စတွန်နှင့် အာရွန်ပေါလ်တို့သည် ဇာတ်ဆောင် မင်းသားဆုနှင့် ဇာတ်ပို့ မင်းသားဆု အသီးသီး ရရှိခဲ့ကြသည်။
မင်းသမီး ဇာတ်ပို့ဆုကို ဘန်ဂန်းက ရရှိခဲ့ပြီး ရုပ်ရှင် ဇာတ်ညွှန်းဆုကို မိုရီရာ ဝေါလီဘက်ခတ် က ရရှိခဲ့သည်ဟု သိရသည်။(၆၆)ကြိမ်မြောက် Emmy Award ဆုပေးပွဲ အခမ်းအနားတွင် ရုပ်ရှင်မင်းသား၊မင်းသမီးများ၊ ထုတ်လုပ်သူများနှင့် အခြား ထူးချွန် ပုဂ္ဂိုလ်များကို ရွှေစင်ရုပ်တု ၂၆ ဆု ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနားကို နိုင်ငံပေါင်း ၁၅ဝ ကျော်မှ ပြည်သူ သန်း ၆ဝဝ ခန့်က စိတ်ဝင်တစား စောင့်ကြည့် ခဲ့ကြသည်ဟု သိရသည်။

No comments:

Post a Comment

back to top