Friday, August 29, 2014

မျက်နှာသစ်မော်ဒယ်လ်များ အဖြစ် တွေ့မြင်ရမယ့် Hyungsik နဲ့ Nam 

Ji Hyun


            မျက်နှာသစ်မော်ဒယ်လ်များ အဖြစ် တွေ့မြင်ရမယ့် Hyungsik နဲ့ Nam Ji Hyun
တောင်ကိုရီးယား နိုင်ငံမှ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ ZE:A Boy Band မှ အဖွဲ့ဝင် အဆိုတော် Hyungsik နဲ့ မင်းသမီး Nam Ji Hyun တို့နှစ်ယောက်ဟာ အဝတ်အစား Brand ဖြစ်တဲ့Bean Pole's Bike Repair Shop ရဲ့ မျက်နှာသစ် မော်ဒယ်လ်များ အဖြစ် ရွေးချယ်ခြင်း ခံရပါတယ်။အဆိုတော် Hyungsik ရဲ့ မော်ဒယ်လ် တစ်ယောက် ဖြစ်ထိုက်တဲ့ မြင့်မားတဲ့အရပ်၊ စတိုင်နဲ့ ရုပ်ရည် ချောမောခြင်း တွေကြောင့် မိန်းကလေးတိုင်း ကြိုက်နှစ်သက်တ ပုံစံမျိုးကို ပိုင်ဆိုင် ထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ မင်းသမီး Nam Ji Hyun ဟာ အနုပညာ စွမ်းရည် ရှိပြီး လှပတဲ့ ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ Hyungsik နဲ့ Nam Ji Hyun တို့နှစ်ဦးဟာ လက်ရှိ ထုတ်လွှင့် ပြသနေတဲ့ What's With This Family ဇာတ်ကားမှာ တွဲဖက် ညီညီ သရုပ်ဆောင်ချက် တွေကို ပရိသတ်တွေ မြင်တွေ့ခွင့် ရနေကြပါတယ်။ငယ်ရွယ် နုပျိုတဲ့ အနုပညာရှင် နှစ်ယောက် ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ကတော့ ပရိသတ် တွေကို ဆွဲဆောင်မှု အပြည့် ပေးနေဦး မှာပဲ ဖြစ်ပါတယ်။ ။

No comments:

Post a Comment

back to top