Wednesday, August 20, 2014

သရုပ်ဆောင်အောင်ရဲလင်းနဲ့ ချစ်ကြိုက်နေတယ်ဆိုတာနဲ့ ပတ်သတ်ပြီး မဖြေချင်ဘူးလို့ ငြင်းဆိုသွားတဲ့ နန်းဆုဦး

ခုနောက်ပိုင်း အနုပညာခြေလှမ်းစိပ်စိပ်နဲ့ ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ နန်းဆုဦးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး “အချစ်ဆိုတာကတော့ ပြေးလွှားပြီးလိုက်ရှာစရာမလိုဘူး။ တွေ့ချင် မှတွေ့မယ်။ ဒီတိုင်းနေနေရင်းနဲ့မှ ရောက်လာရင်လဲ ရောက်လာတတ်တယ်။ အချစ်ဆိုတာ ပူလောင်တာ လဲရှိမယ်။ အေးမြတာလဲရှိမယ်။ တွဲနေတာပေါ့နော်။ ကိုယ်အရမ်းချစ်ရတဲ့သူနဲ့လဲ တခါတလေ မအေးချမ်းတာ မျိုးလဲရှိတယ်။ ကောင်းတာတစ်ခုက ကိုယ်တစ်ကယ်ချစ်ရတဲ့သူနဲ့ ပေါင်းရတော့ ကောင်းတာပေါ့နော်။ ပူလောင်ရတာလဲတန်တယ်။ အေးမြတဲ့အချိန်ဆိုရင်လဲ အများကြီးပိုအေးမြတယ်။ အရမ်း သိပ်မချစ်တဲ့သူနဲ့ဆို ဘာအဓိပ္ပါယ်မှ မရှိဘူး။ အဲ့ဒါကြောင့် အချစ်ဆိုရင်တော့ ကိုယ်တစ်ကယ် ချစ်တဲ့သူနဲ့ လက်တွဲရတာ အကောင်းဆုံးပါပဲ။” လို့ ပြောပါတယ်။
နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ လေးနှစ်လောက်အချိန်ပေးရမှာမို့ လောလောဆယ်မသွားဖြစ်သေးပဲ အနုပညာလောကထဲမှာသာ အချိန်ပြည့်ကျင်လည်နေတဲ့ နန်းဆုဦးဟာ ခုနောက်ပိုင်း သူမရဲ့ ဇာတ်ကားတော်တော်များများကို မင်းသား အောင်ရဲလင်းနဲ့သာ တွဲဖက်ရိုက်ကူးဖြစ်နေတာမို့ အဲ့ဒီအကြောင်း မေးကြည့်လိုက်တဲ့အခါမှာတော့ သူမက “အောင်ရဲလင်းနဲ့မှ မဟုတ်ဘူး။ ကိုမြင့်မြတ် တို့ရော တခြားမင်းသားတွေနဲ့ရောရိုက်ပါတယ်။ ဒါပေမဲ့ အောင်ရဲလင်းနဲ့က ထွက်တာမြန်တယ်။ တခြား မင်းသားတွေနဲ့ ရိုက်တဲ့ကားက ထွက်တာကြာတယ်။ အဲ့လိုပေါ့။ ကိုမြင့်မြတ်နဲ့ရိုက်ထားတဲ့ကားဆို မထွက်သေးဘူး။ကြာလာပြီ။ အဲ့ဒါတွေကြောင့်ပါ။”တဲ့။ ဒါ့အပြင် သူမကပဲ အောင်ရဲလင်းနဲ့ တွဲနေကြတယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကောလာဟလတွေကို မဖြေချင်ပါဘူးလို့ ဆိုသွားပါတယ်။

No comments:

Post a Comment

back to top