Thursday, August 28, 2014

နယူးယောက်မြို့ လင်ကွန်းစင်တာမှာ တစ်ကိုယ်တော် ဖျော်ဖြေ ခွင့်ရတဲ့ ကေပေါ့ပ်အဆိုတော် ဘတ်ဂျီယန်း

တောင်ကိုရီးယားနာမည်ကျော် အဆိုတော် ဘတ်ဂျီယန်းသည် သြဂုတ် ၂၈ နှင့် ၃၀ ရက်တို့တွင် အမေရိကန်နိုင်ငံ လော့စ်အန် ဂျလိစ်မြို့နှင့် နယူးယောက်မြို့တို့၌ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ကျင်းပပြု လုပ်မည်ဖြစ် သည်။ ကေပေါ့ပ် အဆိုတော် ဘတ်ဂျီယန်းသည် သြဂုတ် ၂၈ ရက်တွင် လော့စ်အန်ဂျလိစ်မြို့ နိုကီယာကလပ်နှင့် သြဂုတ် ၃၀ရက်တွင် နယူးယောက်မြို့ လင်ကွန်းစင်တာ တို့၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
ဘတ်ဂျီယန်းသည် နယူးယောက်မြို့ရှိ ကမ္ဘာကျော်နေရာ တစ်ခုဖြစ်သော လင်ကွန်း စင်တာ၌ ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး ကိုရီးယားပေါ့ပ်အဆိုရှင်ဖြစ်သော ကြောင့် လာမည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ဘတ်ဂျီယန်းအတွက် အလွန်ထူးခြား သည့် ဖျော်ဖြေပွဲဖြစ်သည်ဟုသိရသည်။ အမေရိကန် ဖျော်ဖြေပွဲများပြီးနောက် ဘတ်ဂျီယန်းသည် လာမည့် စက်တင်ဘာ ၂၀ ရက်တွင်စတင်မည့် ၎င်း၏ ၂၀၁၄ တစ်ကိုယ်တော် နယ်လှည့်ဖျော်ဖြေပွဲ အတွက် တောင်ကိုရီးယားနိုင်ငံ သို့ ပြန်မည်ဖြစ် သည်။                 
 

No comments:

Post a Comment

back to top