Tuesday, August 19, 2014


ကိုရီးယားကျွန်းဆွယ် ပေါင်းစည်းရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း
အာရှအရှေ့ပိုင်းသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သည့် ခရီးစဉ်နောက်ဆုံးနေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းမှုများတည်ဆောက်နိုင် ရန် နှစ်နိုင်ငံပေါင်းစည်း မှု ပြုလုပ် သင့်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြ သည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သမ္မတပတ်ဂွမ်ဟေး ကိုယ်တိုင် တက်ရောက်သည့် အခမ်းအနား၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုရီးယားပြည်သူများ အနာဂတ်အတွက် ဖြစ်ပွားခဲ့သော နာကျင်စရာ များကို မေ့ပျောက်ပြီး ပေါင်းစည်းရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment

back to top