Thursday, August 21, 2014



စည်းလုံးညီညွတ်ဖို့ တိုက်တွန်းလိုက်သည့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်

အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ဟာ ၄၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည် အခမ်းအနားအတွင်း အဖွဲ့ဝင်နိုင်ငံတွေကြား စည်းလုံးကြဖို့ကိုတောင်းဆိုလိုက်ပါတယ်။အင်ဒိုနီးရှား ဂျာကာတာမြို့မှာ တနင်္လာနေ့တုန်းက ကျင်းပခဲ့တဲ့ (၄၇) နှစ်မြောက် အာဆီယံ နှစ်ပတ်လည် အခမ်းအနားအတွင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီလောင်မင်က ဒေသတွင်းတည်ငြိမ်အေးချမ်းဖို့အတွက် အဖွဲ့ ၀င် နိုင်ငံတွေအနေနဲ့ စည်းလုံး ညီညွှတ်စွာ ရပ်တည်ဖို့ တောင်းဆို လိုက်ပါတယ်။



အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ချို့နဲ့ တရုတ်နိုင်ငံတို့ကြားမှာ နယ်မြေပိုင်နက် အငြင်းပွားမှု မြင့်တက်နေချိန်မှာ အထွေထွေ အတွင်းရေးမှူးချုပ်က အခုလို တောင်းဆိုလိုက်တာ လည်းဖြစ်ပါတယ်။တောင်တရုတ် ပင်လယ်အတွင်းက နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ နဲ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်ကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာမှာကို စိုးရိမ်တယ်လို့ လည်း မစ္စတာ လီလောင်မင်က ပြောပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုမှန်သမျှကို စည်းစည်း လုံးလုံး ဖြေရှင်း သွားရမှာဖြစ်တယ်လို့လည်း မစ္စတာ မင်က ပြောပါတယ်။ ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို ဂျပန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေက သံတမန်တွေလည်း တက်ရောက်ခဲ့ပါတယ်။

No comments:

Post a Comment

back to top