Tuesday, August 19, 2014

မြန်မာပြည်ချန်ပီယံစိန်ခေါ်ပွဲ ထွန်းထွန်းမင်းနှင့် စောငမန်း ယှဉ်ပြိုင်ထိုးသတ်မည်

လာမည့် စက်တင်ဘာ ၂၁ ရက်တွင် ဆီးဂိမ်းရွှေတံဆိပ် ဆုရှင် ထွန်းထွန်းမင်းနှင့် မြန်မာ ပြည်ချန်ပီယံစောငမန်းတို့ယှဉ် ပြိုင်ထိုးသတ်မည့် မြန်မာပြည်ချန် ပီယံလုပွဲတွင် ကြိုးဝိုင်းအတွင်း ရောက်မှသာ ချန်ပီယံကို ဆုံးဖြတ် ပေးနိုင်မည်ဟု လက်ရှိချန်ပီယံ စောငမန်းက ပြောကြားသည်။


‘‘မြန်မာပြည်ချန်ပီယံအသစ် ထွက်ပေါ်လာမလား၊ ကျွန်တော် ကပဲ ချန်ပီယံဘွဲ့ကို ဆက်ထိန်း နိုင်မလားဆိုတာ ကြိုးဝိုင်းထဲ ရောက်မှ ဆုံးဖြတ်ပေးနိုင်မှာ။ အခုလက်ရှိတော့ ချန်ပီယံက ကျွန်တော်ပါပဲ’’ဟု စောငမန်းက ပြောသည်။ မြန်မာပြည်ချန်ပီယံစိန်ခေါ် ပွဲကို ဩဂုတ် ၁၇ ရက်က သုဝဏ္ဏ အားကစားခန်းမ၌ စောငမန်းနှင့် တူးတူးတို့ယှဉ်ပြိုင်ခဲ့ကြပြီး ပူးတွဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ စောငမန်းမှာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး မြန်မာပြည်ချန်ပီယံလုပွဲနောက် ထပ်တစ်ပွဲအဖြစ် ဆီးဂိမ်းရွှေ တံဆိပ်ဆုရှင်က စောငမန်းအား ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ခဲ့သည်။ ‘‘လက်ဝှေ့မထိုးတာ ကြာ တော့ နောက်ပိုင်းအချီတွေမှာ သက်လုံကျလာတယ်။ တူးတူးနဲ့ ပွဲကို ထိုးလိုက်တဲ့အတွက် သက်လုံပိုင်းမှာ ပြန်တက်လာပြီလို့ ပြောလို့ရတယ်။ ကျွန်တော့်အတွက် အချိန်အများကြီးရပါသေးတယ်။ အကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမယ်’’ဟု စောငမန်းက ပြောသည်။ စောငမန်းမှာ မြန်မာပြည် ချန်ပီယံဘွဲ့ကို ၂၀၀၉ ခုနှစ်တွင် ချန်ပီယံဟောင်းလုံးချောနှင့် ယှဉ် ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိကာ မြန်မာပြည်ချန်ပီယံ ဖြစ်လာပြီး မြန်မာပြည်ချန်ပီယံ ဘွဲ့ကို ငါးနှစ်တိုင်ထိန်းထားနိုင်ခဲ့ သည်။

No comments:

Post a Comment

back to top