Friday, August 29, 2014

အလှမယ်တစ်ဦး၏ စိတ်နေစိတ်ထားနှင့် အရည်အချင်းရှိပါက နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်ဟု ၀ိုင်းလေးပြော

Miss World Myanmar 2014ပြိုင်ပွဲ၏  ဆန်ခါတင် ၂၀ဦးထဲတွင်ပါဝင်ခဲ့သော  အဆို တော်ဝိုင်းလေးက     အလှမယ် တစ်ဦး၏ စိတ်နေစိတ်ထားနှင့်အ ရည်အချင်းသာပြည့်စုံပါက နိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင် ခွင့်ရမည်ဟု ယုံကြည်ထားကြောင်း ပြောသည်။ ‘‘ငါ့မှာ Talentရှိတယ်။ ငါအ ကောင်းဆုံးလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ထားထားတယ်။ သရဖူရတာ မရတာတော့ ကိုယ့်ရဲ့ကြိုစားမှု ရယ်။ ကံ၊ ဉာဏ်၊ ၀ီရိယနဲ့လည်း ဆိုင်တယ်ပေါ့။ ညီမအမြင်ဆိုရင် အလှမယ်တစ်ယောက်က ရုပ်လှ ဖို့၊ အရပ်ရှည်ဖို့ထက် Miss တစ် ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့ ရဲ့အရည်အချင်းရှိမယ်ဆိုရင် နိုင် ငံကိုယ်စားပြုအနေနဲ့သွားရောက် ယှဉ်ပြိုင်နိုင်မှာပါလို့ ယုံကြည်မှု တစ်ခုထားလိုက်တယ်’’ဟု ၀ိုင်း လေးကပြောသည်။
ပြိုင်ပွဲတွင် ဆန်ခါတင်အ ဖြစ် ရွေးချယ်မခံရမီ နှစ်ပတ်အ လိုကတည်းက ခန္ဓာကိုယ်နှင့်အ လှမယ်တစ်ဦး လမ်းလျှောက်ပုံ များကို လေ့ကျင့်ခြင်း၊ ယခင်နှစ်များတွင်ပြုလုပ်ခဲ့သော Miss Worldပြိုင်ပွဲများကို   ကြိုတင် လေ့လာခဲ့ကြောင်း    ၀ိုင်းလေးက ပြောသည်။ Miss Worldပြိုင်ပွဲသည်ပင် ကိုယ်အရည်အသွေးဦးစားပေး သောပြိုင်ပွဲတစ်ခုဖြစ်သည့်အ တွက် ၎င်းတွင်ဂီတနှင့်ပတ်သက် သောကိုယ်ရည်ကိုယ်သွေးရှိသည့် အတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၀ိုင်းလေးကပြော သည်။ ပရော်ဖက်ရှင်နယ်  အဆို တော်တစ်ဦးမဖြစ်မီ   ယခုကဲ့သို့ မယ်ပြိုင်ပွဲဝင်ခြင်းကို      လိုင်း ပြောင်းသွားပြီလားဟု ပရိသတ် များထင်မြင်မည်ကို လည်းစိုးရိမ် ကြောင်း ၀ိုင်းလေးကပြောသည်။ ‘‘အနုပညာကအကုန်လုံး ဆက်စပ်နေတာပဲလေ။ ဂီတပိုင်း ကိုလည်း ၀ါသနာပါတဲ့ အတွက်ဂီ တပိုင်းကိုလည်းဆက်လုပ်မယ်။ အဖွဲ့အစည်းနဲ့ပေါင်းပြီးတော့ တ ခြားပရဟိတအလုပ်တွေ၊ နိုင်ငံအ တွက်အကျိုးရှိမယ့် လုပ်ငန်းတွေ လည်းလုပ်မယ်။ ဘက်စုံထူးချွန် တဲ့အနုပညာရှင်တစ်ယောက်ဖြစ် ချင်တယ်’’ဟု ၎င်း၏အနုပညာ ရည်မှန်းချက်ကို ဆက်ပြောသည်။ အိပ်မက်ဆုံရာမှ အဆိုရှင် အဖြစ်ပရိသတ်များ ရင်းနှီးသော ၀ိုင်းလေးသည် ဟန်ထူးဈာန်၊ နန့်ချစ်နဒီဇော်နှင့် ၎င်းတို့သုံးဦးပေါင်းကာ‘‘တေးသီငှက်တို့ ဒဏ္ဍာရီ’’အယ်ဘမ်တစ်ခွေထွက်ရှိထားပြီး Miss World Myanmarပြိုင်ပွဲဝင်နေသည့်အတွက် တစ်ကိုယ်တော် ခွေထွက်ရန် စီစဉ်နေမှုကို ရပ်နား ထားသည်။

No comments:

Post a Comment

back to top