Tuesday, August 19, 2014

K-Pop အဖွဲ့မှာ ပါဝင်ချင်လို့ Miss ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ တာပါ လို့ဆိုတဲ့ မေမြတ်နိုး

သြဂုတ်လ ၁၈ရက်နေ့မှာ ကိုရီးယားနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပြီး နိုဝင်ဘာလ၁၂ရက်နေ့ မှမြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာမယ့် မေမြတ်နိုးကို ကိုရီးယားသို့ မထွက်ခွာခင် သူမနဲ့ တွေ့ဆုံခိုက် မှာ မေးမြန်းဖြစ်ခဲ့တာလေးတွေကတော့ “ညီမ မာဖီလောဆိုတဲ့ KPop အဖွဲ့ဖွဲ့ပြီးပြီပေါ့နော်။ အဲဒီ့မှာ ကိုရီးယားသူနှစ်ယောက်ရယ်၊ အာရှသူတစ်ယောက်ရယ်၊ ညီမရယ် လေးယောက်ပါဝင်ပါတယ်။ အခွေ ကိုတော့ အောက်တိုဘာလထဲမှာ ထွက်ပါမယ်။ သီချင်းတွေက အင်္ဂလိပ်လိုဆိုရမှာတွေလည်းပါပါတယ်။ အဲ့ဒီအတွက်တော့ ညီမက အခက်အခဲမရှိဘူး။ ဒါပေမယ့် ကိုရီးယားလို ဆိုဖို့အတွက်ကတော့ ထပ်ပြီး ကိုရီးယားစကား သင်ယူလေ့လာနေရပါတယ်။” လို့ သူမက ပြောပြပါတယ်။
အခုထွက်ပေါ်နေတဲ့ မေမြတ်နိုးရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ညီမဘက်က ဆရာမ မလှနုထွန်းကို အမြဲတမ်းတော့ ကျေးဇူးဆပ်နေမှာပါ။ ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ညီမရဲ့ဆရာသမားဖြစ်သလို၊ ကျေးဇူးရှင်လည်းဖြစ်လို့ပါ။ ဒါပေမယ့် သူနဲ့အတူတူတွဲပြီးတော့ အလုပ်တွေ ဆက်လုပ်ဖို့မရှိတော့ပါဘူး။
အဲဒီတော့ မြတ်နိုးကိုယ်တိုင်ပဲ မြန်မာပြည်က အနုပညာအလုပ်တွေကို လုပ်သွားမယ်။ ကိုရီးယားနဲ့ ပတ်သက်တဲ့အလုပ်တွေကိုတော့ ကိုရီးယားOrganization နဲ့ တွဲလုပ်သွားမှာပါ”တဲ့။ Miss တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အရမ်းရှိတဲ့ သူမျိုးဖြစ်အောင် ဘယ်လို လေ့ကျင့် ထားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး “ဒါကတော့ ညီမကို ကူညီပံ့ပိုးပေးနေတဲ့ သူတွေကလည်း ရှိ တယ်လေ။ မြတ်နိုး ကဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကိုပဲ တွေးတတ်တယ်။ အကောင်း ဘက်ကို တွေးကြည့် လိုက်ရင် ပျော်တာပေါ့နော်။
စိတ်ဆင်းရဲစရာ ရှိနေရင်တောင် ကောင်းတဲ့ဘက်ကို တွေးလိုက်ရင် စိတ်ဆင်းရဲစရာ လျော့သွားတာပေါ့။ ညီမက အနုပညာလမ်းကြောင်းပေါ်ကို အဆိုအနေနဲ့ အိမ်မက်ဆုံရာ ကနေစခဲ့တာပေါ့နော်။ ညီမက အဆိုပိုင်းကိုပဲ အားသာမယ် ထင်ခဲ့တာပါ။ မယ်ပြိုင်ပွဲတွေကို ဝင်ပြိုင်တာက KPop ကို လုပ်ချင်တဲ့အတွက် ဝင်ပြိုင်ခဲ့တာပါ။”လို့ သူမက ပြောပါတယ်။
အိမ်မက်ဆုံရာ အနေနဲ့ရော ဘာတွေတွဲလုပ်သွားဖို့ရှိမလဲဆိုတာကိုတော့ သူမက “သူငယ်ချင်းတွေနဲ့တော့ တွဲပြီး အခွေလုပ်ဖို့တော့ရှိပါမယ်။ နောက်ပိုင်းမှာလည်း မြတ်နိုးအနေနဲ့ သရုပ်ဆောင်၊ အဆိုတော်အဖြစ်နဲ့ ရပ်တည်သွားမှာပါ။ အဲဒီ့မှာ ပရိသတ်တွေက ဘယ်ဘက်ကို ပိုပြီး စိတ်ဝင်စားအားပေး တယ်ဆို တာကို မြတ်နိုးသိရပြီးရင်တော့ သရုပ်ဆောင်ဆက်လုပ်ရမလား၊ အဆိုတော် ဆက်လုပ်ရမလား ဆိုတာကို ဆုံးဖြတ်ပါမယ်” တဲ့။

No comments:

Post a Comment

back to top