Thursday, August 21, 2014



အီဂျစ်သို့ ပိုက်လိုင်းများဖြင့်ရောင်းချခဲ့သော အစ္စရေး၏ သဘာဝ ဓါတ်ငွေ့များ ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိ

ဆယ်စုနှစ်တစ်ခုအတွင်းအရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဘေးဒုက္ခဆိုးများ ကျရောက်လျှက်ရှိသည့် အခန် တစ်ချိန်က ရန်သူများဖြစ်ခဲ့ကြသည့်အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့သည် အရောင်းအ၀ယ် ကိစ္စတစ်ခု ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၄င်းမှာ အစ္စရေးနိုင်ငံမှ ဒေါ်လာ (၆၀) ဘီလီယံတန်ဖိုးရှိ သဘာဝဓါတ်ငွေ့ များကို အီဂျစ်နိုင်ငံရှိ ဓါတ်ငွေ့ရည်ပြုလုပ်သော စက်ရုံသို့ ပေးပို့ရောင်းချမည့် အစီအစဉ်ဖြစ် သည်။


အဆိုပါဆွေးနွေးပွဲသည် အီဂျစ်မှ အပစ်ရပ်ရန် ကြားဝင်စေ့စပ်ပေးဖို့ ဆက်လက်ကြိုးစားလျှက်ရှိစဉ် ဟားမက်စ် အကြမ်းဖက်အုပ်စုက အစ္စရေးသို့ ဒုံးကျည်များနှင့် ဆက်လက်ပစ်ခတ် တိုက်ခိုက်လျှက် ရှိသည့်အချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါကြိုးပမ်းမှုသည် ယုံနိုင်ဖွယ်မရှိ အောင်ထူးခြား နေသည်။ အဘယ်ကြောင့်ဆိုသော် အီဂျစ်နိုင်ငံသည် အစ္စရေးအား ကုန်သွယ်ဖက်အဖြစ် ရှုမြင်ခဲ့သော လက်တွေ့ဦးစားပေး အယူအဆဟောင်း ကို တော်လှန်ခဲ့သည့် မူစလင်ညီနောင်များ၏ စိုးမိုးချယ်လှယ်မှုအောက်တွင် တစ်နှစ်ကြာ အသားကျ နေခဲ့သည့် အတွက်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

back to top