Friday, August 22, 2014

ကြက်ခြေနီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့ ရုရှားဝန်ကြီး
ကမ္ဘာ့ကြက်ခြေနီအဖွဲ့ဟာ ယူကရိန်းနိုင်ငံရဲ့ သူပုန်တွေ သိမ်းပိုက်ထားတဲ့ဒေသကို လူမှုရေးအကူ အညီတွေပေးဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။သူပုန်တွေ သိမ်းပိုက်ထား တဲ့အရှေ့ဘက်ယူကရိန်းဒေသကို လူသားခြင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ဖို့ လိုအပ်တဲ့ ဘယ်ဆောင်ရွက်မှုမဆို ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ကမ္ဘာ့ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂေးလာရော့ဗ်က သဘော တူညီခဲ့ပါတယ်။
လာရော့ဗ်နဲ့ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာတို့ဟာ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့ကြ တာပါ။ လူဟန်မြို့ကို ရည်ရွယ်ပြီး ထွက်ခွာမယ့် ထောက်ပံ့ရေး ယာဉ်တန်းဟာ ပစ်ခတ်မှုတွေ ကြားကနေ ဘယ်လိုသွားရောက်မလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ယူကရိန်း အစိုးရရဲ့ အကြံပေးအဖွဲ့ ကတော့ သူပုန်တွေသိမ်းပိုက်ထားတဲ့  ဒေသထဲက လုံခြုံရေးအခြေအနေကို တာဝန်မယူနိုင် ဘူးလို့ ပြော ခဲ့ပါတယ်။ ပေးပို့မယ့် ယာဉ်တန်းကိုလည်း ယူကရိန်းအစိုးရက စစ်ဆေးပြီးဖြစ်ပေ မယ့်ဘေးကင်း စွာပေးပို့နိုင်ဖို့အတွက်တော့ စောင့်ဆိုင်းအဖြေရှာနေဆဲ ဖြစ်ပါတယ်။




No comments:

Post a Comment

back to top