Tuesday, August 26, 2014

အောင်မြင်မှု ရေရှည် တည်တံ့နေဖို့ အရည်အချင်း ဆိုတဲ့ ဒေါက်တစ်ခု 

လည်းလိုတယ်ဆိုတဲ့ အိမ့်ချစ်



လတ်တလောတွင် နယ်ရှိုးပွဲများ ဆက်တိုက် သီဆိုနေရပြီး မကြာသေးမီက ထွက်ရှိထားသည့် ''အချစ်ရေး'' တေးသီချင်းအတွက် ဗီစီဒီ ရိုက်ကူး နေမှုများ ပြုလုပ်နေသည့် အဆိုတော်အိမ့်ချစ်က အောင်မြင်နေမှု ရေရှည် တည်တံ့နေရန် အတွက် အရည်အချင်းဆိုသည့်  ဒေါက် တစ်ခု ရှိရန်လို အပ်ကြောင်း ယခုလို ပြောပြခဲ့သည်။
''ပေါ်ထွက်လာတဲ့  အနုပညာရှင် အသစ်တွေက သေချာ လေ့လာ သင်ယူပြီးမှ ထွက်ပေါ် လာတဲ့  အဆိုတော်တွေ များပါတယ်။ ဖြစ်ချင်ရုံ တစ်ခုတည်း နဲ့၊ အသံလေးကောင်းရုံနဲ့ ထဆိုရင်တော့ မ ဖြစ်နိုင်ဘူးပေါ့။ ကံအရမ်းပါလာရင်တော့ ဖြစ်သွားလိမ့်မယ်။  အရည်အချင်း ရှိဖို့လည်း လိုပါတယ်။  အဲဒီတော့ ကိုယ့်ဘာသာ ဖြစ်နိုင်ခြေ ရှိလားဆိုတာ အရင် စဉ်းစား ရမယ်။ ဖြစ်နိုင်ခြေ ရှိပြီဆိုရင် ကိုယ့်ယုံကြည်ချက်အတိုင်း ဖြစ်နိုင်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာက ကြိုးစားရင် လွယ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုကို ထိန်းထား နိုင်ဖို့ ဆိုတာ အရမ်းခက် ခဲပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို မကျအောင် ကြိုးစား ရမယ်။ အမြဲတမ်း တီထွင်ဆန်းသစ် နိုင်ရမယ်။ ပြီးတော့ကိုယ့်ရဲ့ ကံတို့၊ ဆန်းတို့ ကျမသွားဖို့ ဆိုတာ ကလည်း ဘာသာတရားနဲ့ ထိန်းထား နိုင်ရမယ်။ အများကြီး အဘက်ဘက် ကနေ  ဒေါက်တွေ ထောက်ထား နိုင်ရမယ်။ အဲဒါမှ နေရာတစ်နေရာမှာ အောင်မြင်စွာ ရပ်တည် နိုင်မှာပါ''ဟု သူမက ပြောပြခဲ့သည်။
သူမ၏ ''အချစ်ရေး'' အခွေ ထွက်ရှိပြီးသည့် နောက်ပိုင်းတွင် ပရိသတ်များ စိတ်ဝင်စား လျက်ရှိ နေသေးသည့်  အိမ့်ချစ်၏ အချစ်ရေး အကြောင်းကိုလည်း ''အိမ့်ချစ်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့်  ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကတော့ ရှိတာပေါ့နော်။ အိမ်ထောင်ပြုဖို့ ကိုတော့ အခုချိန်မှာ မစဉ်းစား သေးပါဘူး။   ညီမကကိုယ့်  ဘာသာ လွတ်လွတ်လပ်လပ် နေရ တာကို ကြိုက်တယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့နောက်မှာ ကိုယ့်ကို အမှီပြု နေရတဲ့ မိသားစုလည်း ရှိသေးတဲ့အတွက် အိမ်ထောင်ပြု ပြီးတော့ ရုန်းထွက်သွားတယ်ဆိုတဲ့ တစ်ကိုယ်ကောင်း ဆန်တာမျိုး ကိုတော့  အခုချိန်မှာ မလုပ်ချင်သေးပါဘူး'' ဟု ဆက်လက် ပြောပြခဲ့သည်။

No comments:

Post a Comment

back to top