Tuesday, August 26, 2014

ပေါ်လွင်ချင်ရင် မြန်မာဝတ်စုံ ၀တ်ဖို့ အကြံပြုတဲ့ မိုးယုစံ



သရုပ်ဆောင်လောကတွင် နေရာ တစ်နေရာကို ပိုင်ဆိုင်ထားပြီ ဖြစ်သည့် မိုးယုစံက မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်သည့် အတွက် မြန်မာ ၀တ်စုံဖက်ရှင်ကို မြတ်နိုးကြောင်းနှင့် ကိုယ့်ကို ပေါ်လွင်စေရန် မြန်မာရိုးရာ ၀တ်စုံကို ၀တ်သင့်ကြောင်း ပြောသည်။  မိုးယုတို့က မြန်မာအမျိုးသမီးလည်း ဖြစ်တယ်။ ကိုယ့်ရဲ့ ရိုးရာဝတ်စုံ ကလည်း မြန်မာပြည်မှာပဲ ရှိတယ်လေ။ တခြားမှာ ရှိချင်မှ ရှိမယ်။ ကိုယ့်ရဲ့ ရိုးရာဝတ်စုံကို အများကြီး ထိန်းသိမ်းသင့်တယ် လို့လည်း ထင်ပါတယ်။ မိုးယုတို့ရဲ့ မြန်မာဝတ်စုံက ရှေးခေတ် ပုံစံရော၊ အခုမှ ဆန်းသစ်ထားတဲ့ ပုံစံတွေ လည်းရှိတယ်။ ခေတ်နဲ့ အညီပေါ့။ မိုးယုကတော့ ပြည်ပခရီးတွေသွားရင် မြန်မာဝတ်စုံကို ယူသွားလေ့ရှိတယ်။
သူ့နေရာနဲ့ သူပေါ့နော်။ နိုင်ငံခြားကိုသွား ပြီဆိုရင် မြန်မာဝတ်စုံကို ဦးစားပေးဝတ်တယ်။ နိုင်ငံခြားက လူတွေကလည်း ထူးထူး ဆန်းဆန်းလေးတွေ သဘောကျတယ်။ ကိုယ်က တခြားနိုင်ငံရောက် သွားပြီး မြန်မာဝတ်စုံလေး ၀တ်ထားရင် သူတို့က ပိုပြီး အထင်ကြီးကြတယ်။  စိတ်ဝင်စားကြတယ်။ ကြည့်ကြတယ်ပေါ့။  အဲဒါကြောင့် ကိုယ့်ကိုပေါ်လွင်ချင် ရင် မြန်မာဝတ်စုံဝတ်တာက အကောင်းဆုံးပါပဲလို့ မိုးယုထင်တယ်။ သရုပ်ဆောင်တဲ့ အခါကျတော့ ကာရိုက်တာပေါ် မူတည်ပြီး တော့ဝတ်ရတာပေါ့နော်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ မိုးယုက  မြန်မာဝတ်စုံလေးတွေကို ၀တ်ဖြစ်တယ် ဟု မိုးယုစံက ပြောသည်။ မိုးယုစံသည် ဗွီဒီယို ဇာတ်ကားများကို ပုံမှန် ရိုက်ကူးနေကြောင်း ပြောသည်။

No comments:

Post a Comment

back to top