Friday, August 29, 2014

သရုပ်ဆောင်ဖြစ်တိုးဝင်ဦးမယ့် နန်းချစ်နဒီဇော်



အဆိုတော်တစ်ယောက် အဖြစ် ပရိသတ် အသိအမှတ်ပြု ထားသည့် နန့်ချစ်နဒီဇော်က အနုပညာ လောကတွင် ထပ်ပြီး သရုပ်ဆောင် အဖြစ် လုပ်ကိုင် သွားဦးမည် ဖြစ်ကြောင်း ပြောသည်။  နန့်ချစ်က အခု သရုပ်ဆောင်တာကို  လေ့ကျင့်နေပါတယ်။ Musical   ဒရမ်မာကား အတွက်ပေါ့နော်။  MRTV-4 ကနေ စီစဉ်ပြီး ရိုက်မယ့် ကားပါ။ နန့်ချစ်တို့ အိပ်မက်ဆုံရာက အဆိုတော်တွေ အကုန်လုံးပါမယ်။ ပြီးရင် Musical ဒရမ်မာမှာ သရုပ်ဆောင်ကြ ရမယ်။ နန့်ချစ် အနေနဲ့ ကတော့ အခုဆိုရင် သရုပ်ဆောင်ပါ လုပ်မယ် ဆိုတော့ ကိုယ့်အတွက် နေရာတစ်ခု ပေါ့နော်။
အဆိုဘက်မှာ ပရိသတ်ရှိပေမယ့် သရုပ်ဆောင်ဘက် ကိုလည်း သိလာအောင်လို့တော့ လုပ်ရမယ်။ အဲဒါမှလည်း နန့်ချစ်က ရပ်တည်နိုင်မှာ ဆိုတော့ နေရာလေး တစ်ခုရအောင် လို့တော့ ကြိုးစားရမှာ ပေါ့နော်။ အဲတော့ နန့်ချစ်က သရုပ်ဆောင်ဘက်မှာ ဖောက်ထွက် ရဦးမယ်။ တချို့သီချင်းတွေမှာ ဆိုရင် နန့်ချစ် ကိုယ်တိုင် သရုပ်ဆောင်ပါတယ်။ နန့်ချစ် သရုပ်ဆောင်တာ ကို ကြည့်ဖူးတဲ့သူက မိုက်တယ်လို့တော့ ပြောကြပါတယ်။ အခွေနဲ့ ကျတော့လည်း မကောင်းဘူးပေါ့။ 
အမျိုးမျိုးရှိတယ် ဆိုတော့ နန့်ချစ်က  ပိုပြီး လုပ်ရ မယ်ထင်တယ်။  သီချင်းဆိုရင်လည်း ဂီတ အမျိုးမျိုး ပုံစံ အမျိုးမျိုး လုပ်ရသလို သရုပ်ဆောင်ရာမှာလည်း မတူအောင် လိုက်လုပ်ရမှာပေါ့နော်။ ပရိသတ် ကြိုက်တာလည်း မတူကြဘူး။ အဲဒါကြောင့် နန့်ချစ်က နှစ်ခုစလုံးကို ကောင်းအောင် လုပ်ပြနိုင်ရမယ်။ ဘယ်ဘက်မှာ မဆို ကိုယ့်စတိုင် ဖြစ်အောင်တော့ လုပ်မှာပဲ ဟု နန့်ချစ်နဒီဇော် က ပြောသည်။ နန့်ချစ်နဒီဇော်သည် တစ်ကိုယ်တော် အခွေထွက်နိုင်ရန်လည်း ပြင်ဆင်နေကြောင်း ပြောသည်။

No comments:

Post a Comment

back to top