Tuesday, August 26, 2014

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ ဆန်ခါတင်အလှမယ် ၂၀ ရွေးချယ်

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရန် မယ်ကမ္ဘာမြန်မာပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ် ၂၀ဦးကို သြ ဂုတ် ၂၅ ရက်တွင် ချက်ထရီယမ် ဟိုတယ်၌ ရွေးချယ်ခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်ထားသူ ၁၃၀ ကျော်ရှိခဲ့ ပြီး ပဏာမအဆင့်အနေဖြင့် ပြိုင် ပွဲဝင် ၅၀ ကို ရွေးချယ်ခဲ့သည်။ ယင်းပြိုင်ပွဲဝင်များကို သြဂုတ် ၂၃ ရက်တွင် ဆေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် ဆန်ခါတင် ၂၀ ရွေးချယ်ရန် ပြိုင် ပွဲဝင် အလှမယ် ၄၀ ကို ရွေးချယ် ခဲ့သည်။
သြဂုတ် ၂၅ ရက်၌ ပဏာမ ရွေးချယ်ထားသော အလှမယ် ၄၀ ကို စွမ်းရည် (talent) ပြသခြင်း၊ ပြိုင်ပွဲနှင့်ပတ်သက်သော မေးခွန်း ဖြေဆိုခြင်း များ ပြုလုပ်၍ ဆန်ခါ တင် ၂၀ ကို အကဲဖြတ်ဒိုင်များက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲလျှောက်ထားသူများ တွင် ယခင်ပြိုင်ပွဲ များ၌ ပါဝင်ယှဉ် ပြိုင်ခဲ့သူများ ပါဝင်ခဲ့သော်လည်း နောက်ဆုံးဆန်ခါတင် ၂၀ ဦးတွင် မူအလှမယ်ပြိုင်ပွဲ အတွေ့အကြုံ မရှိသူများ ထက်ဝက်ခန့် ပါဝင် သည်။ ပြိုင်ပွဲဝင်များကို ယခုရက် ပိုင်းမှစ၍ ဆံပင်၊ မိတ်ကပ်၊ ကိုယ် ရည်ကိုယ်သွေးစသည့် သင်တန် များ ပေးသွားမည်ဖြစ်ပြီး စက်တင် ဘာလဆန်းတွင် ပရဟိတလှုပ် ရှားမှုအဖြစ်    ခ၀ဲခြံမျက်မမြင် ကျောင်းနှင့် နှင်းဆီကုန်းဘိုးဘွား ရိပ်သာ၌  ပြုလုပ်သွားရန် စီစဉ် ထားကြောင်း သိရသည်။ ထို့ပြင် ပြည်ပခရီးစဉ်အနေ ဖြင့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ စက်တင်ဘာ ၁၆ရက်မှ ၂၂ ရက်အထိ သွားရောက်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို စက် တင်ဘာ ၂၇ ရက်တွင် ပြုလုပ် သွားမည်ဖြစ်သည်။ ဆန်ခါတင်အလှမယ် ၂၀ မှ Miss World Myanmar 2014 ရွေးချယ်ခံရသည့် အလှမယ်သည် ဒီဇင်ဘာလတွင် လန်ဒန်မြို့၌ ပြု လုပ်မည့် Miss World 2014 ပြိုင် ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

No comments:

Post a Comment

back to top