Monday, August 25, 2014

လူမှုရေးသံတမန်အဖြစ် ပထမဆုံးခန့်အပ်ခံရလို့ ပျော်မိတယ်ဆိုတဲ့ ၀ါဆိုမိုးဦး

အနုပညာသက်တမ်း တစ်လျှောက်တွင် ပထမဆုံး သံ တမန်  ခန့်အပ်ခံရခြင်းအဖြစ် ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ရိုးမ- ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်လှုပ်ရှားမှုအတွက် လူမှုကူညီ ထောက်ပံ့ရေးပရဟိတသံ တမန်အဖြစ် ခန့်အပ်ခံခဲ့ရသဖြင့် ပျော်ရွှင်မိကြောင်း သရုပ်ဆောင် ၀ါဆိုမိုးဦးကပြောသည်။ ‘‘သံတမန်အနေနဲ့ဒါက ပထ မဆုံးပဲ။ ၀ါဆိုလည်း ပရဟိတကို တစ်ခါတလေကျရင် ကူညီဖြစ် တယ်။ မာရသွန်က မနှစ်ကလည်း သွားဖွင့်ပေးတယ်လေ။ အားလုံး နဲ့ခင်လည်း ခင်နေတော့ သံတမန် အနေနဲ့ပါဝင်ပေးပါဆိုလို့ ပါဝင် ဖြစ်တာပါ။ အနုပညာသက်တမ်း တစ်လျှောက်မှာ ပထမဆုံးဆောင် ရွက်ရမှာဖြစ်တဲ့အတွက် အရမ်း ပျော်ပါတယ်’’ဟု ၀ါဆိုမိုးဦးက ပြောသည်။
အဆိုပါပြိုင်ပွဲကျင်းပရန် အ ချိန်လိုသေး၍ ပါဝင်ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက် ကို မသိရှိရသေးသော်လည်း အဖွဲ့ အစည်း၏ အမိန့်အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀ါဆိုမိုးဦးကပြောသည်။ လူမှုကူညီထောက်ပံ့ရေးပရ ဟိတသံတမန် အဖြစ် ယင်းအဖွဲ့ အစည်းမှ ခန့်အပ်ထား သော လေး ဦးတွင် အနုပညာရှင် သုံးဦးပါဝင် ပြီး ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေ ဇင်ထိုက်၊ အဆိုတော် အမွန်း၊ မော်ဒယ်၊ သရုပ်ဆောင် ၀ါဆိုမိုး ဦးတို့ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တတိယ အကြိမ်မြောက်ပြုလုပ်မည့် ရိုးမ -ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာ ရသွန်အပြေးပြိုင်ပွဲမှ ပထမဆုံး အနေဖြင့် လူမှုကူညီထောက်ပံ့ ရေးပရဟိတသံတမန်များ ရွေး ချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ခန့်အပ် ခံရသူများက အဖွဲ့အစည်းနှင့် အတူ ပရဟိတအပြင် ပြိုင်ပွဲ၏ အခြားလှုပ်ရှားမှုများကို လက်တွဲ လုပ်ဆောင်သွားရမည် ဖြစ် ကြောင်း ရိုးမ-ရန်ကုန်အပြည် ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ၏ ကြေညာချက်အရ သိရ သည်။

No comments:

Post a Comment

back to top