Thursday, August 21, 2014



ဗိုလ်ချုပ်ကြီးပရာယွတ် ချန်အိုချာအား ထိုင်းဝန်ကြီးချုပ် အဖြစ် ရွေးချယ် တင်မြှောက်ဖွယ်

ထိုင်းနိုင်ငံ၌ အသစ်ဖွဲ့စည်းထားသော အမျိုးသားလွှတ်တော်က ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုအချာအားဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မည်ဟု မျှော်လင့်ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွေးချယ်ခန့်အပ်ခံရသော အမတ် 197 ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်သည် သြဂုတ် ၂၁ ရက်တွင် အစည်းအဝေးခေါ်ယူသည့်အခါ ဗိုလ်ချုပ်ကြိးပရာယွတ်အား ၀န်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်မည်ဟု မျှော်လင့်ရကြောင်း အမည်မဖော်သူတာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်ကြီးပရာယွတ်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး အမျိုးသားကောင်စီ၏ အကြီး အကဲဖြစ်ပြီး ၀န်ကြီးချုပ်ရာထူးနေရာအတွက် တစ်ဦးတည်သော အမည်စာရင်းတင်သွင်း ခံရသူဖြစ် ဖွယ်ရှိကြောင်း တာဝန်ရှိသူက ပြောကြားသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်သည် ၀န်ကြီးချုပ်ဖြစ်လာခြင်းဖြင့် အာဏာအပြည့်အ၀ ရရှိလာမည်ဖြစ်သည်ဟုဆို၏

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ယခုအခါ ပြည်သူလူထုအတွင်းရေပန်းစားလာနေပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး အမျိုးသားကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူ လူထုက ကျေနပ်အားရမှုရရှိသည်ဟု လူထုစစ်တမ်းများအရ သိရှိရကြောင်း တာဝန်ရှိသူကပြောကြားသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၀န်ကြီးချုပ်ယင်လတ်ရှင်နာဝါထရာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် မေ ၂၂ ရက်က သွေးထွက်သံယိုမှုမရှိသော အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သူဖြစ်သည်။

 

No comments:

Post a Comment

back to top