Wednesday, August 20, 2014

အီဘိုလာ ကူးစက်ခံရသူများ ပျောက်ဆုံးကြောင်း လိုက်ဘေးရီးယား အတည်ပြု

လိုက်ဘေးရီးယားအစိုးရက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ခုနစ်ဦးပျောက်ဆုံးကြောင်း အတည်ပြုဖော်ပြခဲ့သည်။
ယမန်နေ့က လိုက်ဘေးရီးယားနိုင်ငံမြို့တော် မွန်ရိုဗီရာတွင် ဒေါသထွက်နေသော အီဘိုလာဗိုင်းရစ်ကူး စက်ခံရသူ အချို့နှင့် မိသားစုဝင်များက မြို့တော်ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံကို တိုက်ခိုက် မှု ပြုလုပ်ခဲ့ပြီးနောက်တွင် လိုက်ဘေးရီးယားအစိုးရက ဗိုင်းရပ်စ်ကူးစက်ခံရသူ ခုနစ်ဦးပျောက် ဆုံးကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ လိုက်ဘေးရီးယားအစိုးရ၏ အတည်ပြုချက် ထွက်ပေါ် လာပြီးနောက် မွန်ရိုဗီရာမြို့တော် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံ တိုက်ခိုက်ခံရခြင်းမှာ ဗိုင်းရပ်စ်ကူးစက် ခံရသူများ ပျောက်ဆုံးသွား၍ ဖြစ်သည်ဆိုသော အချက်ပိုမိုသေချာသွားခဲ့သည်ဟု လိုက်ဘေးရီးယား မီဒီယာများက ဖော်ပြခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ ခုနစ်ဦး ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ရှာဖွေ ဆဲဖြစ်ပြီး ဒေါသထွက်နေသည့် လူအုပ်စုများ၏ တိုက်ခိုက်မှုကြောင့် ဗိုင်းရပ်စ်ထိန်းချုပ်ရေး စင်တာရှိ နေရာ အချို့ပျက်စီးခဲ့ပြီး ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ပျောက်ဆုံးခဲ့ကြောင်း လိုက်ဘေးရီးယား ကျန်းမာရေးဝန်ကြီးက အတည်ပြုပြောကြားသည်။
လိုက်ဘေးရီးယား ပြည်ထဲရေးဝန်ကြီး လူးဝစ်ဘရောင်းသည် ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံရာတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇ ဦးအနက် ၁၇ ဦးမှာ ရောဂါသက်သာပျောက်ကင်းသွား၍ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ပူးပေါင်းခဲ့ကြောင်း၊ ခုနစ်ဦးမှာ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းပြောသည်။

No comments:

Post a Comment

back to top