Wednesday, August 20, 2014


ဦးနှောက် အတွင်းသို့ ဓားတစ်လက် စိုက်ဝင် ခဲ့သော်လည်း အသက် ရှင်ခဲ့သည့် တရုတ် အမျိုးသား
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ အမျိုးသားတစ်ဦး၏ ဦးနှောက်အတွင်းသို့ ၁၂ ထပ်ရှိ တိုက်ခန်းတစ်ခု၏ လသာဆောင်မှ ပြုတ်ကျလာသော ဓားတစ်လက် စိုက်ဝင်ခဲ့သော် လည်း  ၎င်းအား အသက် ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရ သည်။ ရှောင်ကျန် အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသားသည် လမ်းလျှောက်နေစဉ် ၁၂ ထပ်ရှိ တိုက်ခန်း တစ်ခုမှ အမျိုးသမီးတစ်ဦး၏ အရှည် ၁၂ စင်တီမီတာရှိ သစ်ပင်ဖြတ်ဓားကို သူမ၏ ကြောင်က တိုက်ချလိုက်သောကြောင့် ဓားသည်မီတာ ၄ဝ အမြင့်မ ပြုတ်ကျလာပြီး ရှောင်၏ ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဓားစိုက်ဝင်နေသည့် ခဏတွင် ရှောင်သည် စိတ်ကိုတည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ဦးခေါင်းတွင် စိုက်ဝင်နေသော အရာကို  ကိုယ်တိုင်ဆွဲထုတ်၍ မဖြစ်နိုင် ကြောင်း၊ထို့ကြောင့် အိမ်ပြန်ကာ လူနာတင် ကားခေါ်မည်ဟုကြံရွယ်ခဲ့ကြောင်း၊သို့သော်မီတာ၁ဝဝခန့်လမ်းလျှောက်ပြီးနောက် ခေါင်းမှာနာကျင်လာသည့် အတွက် ထိုင်နေခဲ့ရကြောင်း၊ ထို့နောက်၎င်းကို ပတ်ဝန်းကျင်မှ လူများက နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သောကြောင့် အချိန်မီ အသက်ရှင် ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ရှောင်က ပြောကြားခဲ့သည်။


No comments:

Post a Comment

back to top