Monday, June 30, 2014



ASUS စမတ်နာရီ ကန်ဒေါ်လာ ၁၀၀ ဖြင့်ရောင်းမည်

နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော စမတ်နာရီကို အမေရိကန် ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း Techcrunch သတင်းဌာနက ယနေ့ဖော်ပြသည်။

ASUS ကုမ္ပဏီသည် ဈေးကွက်အတွင်း၌ လူကြိုက်များနေသော စမတ်နာရီများကို ကျော်ဖြတ်နိုင်ရန် ရည်ရွယ်၍ အရည်အသွေးမြင့်မားစွာဖြင့် တည်ဆောက်ထားသော ကုမ္ပဏီထုတ် စမတ်နာရီကို ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချရန် Android Wear ဟု အမည်ပေးထားသော ASUS စမတ်နာရီ AMOLED နည်းပညာ အခြေပြု၍ တည်ဆောက်ထားပြီး လက်ရှိအချိန်၌ ဈေးကွက် အတွင်းရောက် ရှိနေသော စမတ်နာရီများထက် ပိုမိုကောင်းမွန်သော အရည်အသွေးများနှင့် စွမ်းဆောင်ရည်များ ပါဝင်နေသည်ဟုဆိုသည်။ လက်ရှိအချိန်၌ ဈေးကွက်အတွင်း လူကြိုက်များနေသော စမတ်နာရီများမှာ အမေရိကန် ၁၉၉ ဒေါ်လာဖြင့် ရောင်းချနေသော Samsung ကုမ္ပဏီထုတ် Gear Live နှင့် အမေရိကန် ၂၂၉ ဒေါ်လာဖြင့် ရောင်းချနေသော LG ကုမ္ပဏီထုတ် LG watch တို့ဖြစ်သည်။ ASUS Andriod Wear သည် Hardware တည်ဆောက်မှု အပိုင်းနှင့် Software တည်ဆောက်မှုအပိုင်းများတွင် အဆိုပါ စမတ်နာရီများကို ကျော်ဖြတ်နိုင်မည့် အခြေအနေမျိုးဖြင့် တည်ဆောက်ထားသည်ဟု သိရသည်။ ASUS သည် Apple ကုမ္ပဏီက ယခုနှစ်အတွင်း ဈေးကွက်တင်မည်ဟု သတင်းများ ထွက်ပေါ်နေသော iWatch ထွက်ပေါ်မလာမီ လက်ဦးမှု ရယူရန်အတွက် ASUS Android Wear ကို ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

back to top