Friday, June 27, 2014


ယူကရိန်း အရေးနှင့် စပ်လျဉ်း၍ ပူတင်၏ ဆုံးဖြတ် ချက်ကို တရုတ် ချီးကျူး
ယူကရိန်းနိုင်ငံတွင် ရုရှားတပ်ဖွဲ့ဝင်များကို စေလွှတ်ပြီး စစ်ရေးအရ ကြားဝင်ရေးနှင့် စပ်လျဉ်း၍ တရားဝင် ခွင့်ပြုထားသော ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည့်ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဇွန် ၂၅ ရက်တွင် ချီးကျူးခဲ့သည်ဟု သိရသည်။ တရုတ်နိုင်ငံသည် ပူတင်၏ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည့်အပြင် ယူကရိန်းအရေးတွင် ပါဝင်သည့် အခြားနိုင်ငံများ၏ အပြု သဘော ဆောင်သော ကြိုးပမ်းမှုများ အပေါ်လည်း ချီးကျူးကြောင်း၊ ယင်းကဲ့သို့ ကြိုးပမ်းရာ တွင် နိုင်ငံရေးအရ ဖြေရှင်းသည့် နည်းလမ်းများကိုသာ အသုံးပြုသွားမည် ဟု မျှော် လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိ သူ ဟွာချေယင်းက ပြောကြားခဲ့သည် ဟု သိရသည်။

ပူတင်သည် ယခုနှစ် မတ် ၁ ရက်က ထုတ်ပြန်ခဲ့သော စစ်ရေးအရ ကြားဝင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန် ရုရှားလွှတ်တော် အမတ်များအား တောင်းဆိုခဲ့ပြီးနောက် ဟွာ၏ သုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုသည် နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ငြိမ်းချမ်းရေးအရ ဖြေရှင်းသွားရန် နှင့် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရန် ကမ်းလှမ်းခဲ့ပြီး ရုရှားလိုလား သော ခွဲထွက် ရေးသမားများကို လက်နက်ချရန် ဇွန် ၂ဝ ရက်က တောင်းဆိုခဲ့ကြောင်း၊ ၎င်းပြင် ကိယက်ဗ်မြို့ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ကျင်းပရန် စီစဉ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top