Monday, June 30, 2014

ဖျာပုံမြို့နယ် ဂျိုဝါကျောက် ရဲကျေးရွာနှင့် ကျောင်းစုကျေးရွာ အလယ် တန်းကျောင်း (ခွဲ) အဆင့် တိုးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၈-၆-၂၀၁၄နေ့တွင် ဖျာပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးလှဝင်းဗိုလ်၊ ဦးဝင်းမြင့် ဖျာပုံမြို့နယ် ပညာရေးမှူး ဒေါ်ကျင်မွှေး၊ ပြည်ခိုင်ဖြိုး ပါတီ ခရိုင် အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး နှင့်ကော်မတီ ၀င်များ၊ ကျောင်းအလှူ ရှင် Grand lotus Co ltd. ခရီးသွားလာရေးလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်စွာမင်း၊ မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့မှ ဦးသိန်းလှိုင် တို့သည် အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး၊ ကျောင်း ရံပုံငွေ အလှူငွေများ ပေးအပ်ခြင်း၊ ဒေသဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လိုအပ်မှုများကို ဒေသခံ ပြည်သူများက တင်ပြတောင်းဆိုကြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆက်စပ်ညှိ နှိုင်းပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သော အချက်အလက်များ ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ခြင်း၊ ဆရာ/မများ၊ ကျေးရွာ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီလူငယ်ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ၊ ကျေးလက်လူငယ်အဖွဲ့များ၊ မိခင်နှင့်ကလေး အဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ များနှင့် တွေ့ဆုံပြီး အလှူငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top